ဗီတာမင်ချို့တဲ့ကြောင်း ပြသနေတဲ့ အသံတိတ် လက္ခဏာ(၆)ရပ်

2016_11_25_16583_1480046761._large.jpg

ဘယ်လောက်ပဲ ကျန်းမာအောင် စားသောက်နေထိုင်ပါစေ… ခန္ဓာကိုယ်ရဲ့ အရေးအပါဆုံးဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြည့်ရဖို့က သိပ်မလွယ်ပါဘူး။

ခန္ဓာကိုယ်မှာ ဗီတာမင်ချို့တဲ့ရင် ဖြစ်လာနိုင်တဲ့ လဏ္ခဏာတွေက ဘယ်လိုမျိုးလဲဆိုတာ ပြောပြချင်ပါတယ်။

၁။ လက်သည်းတွေကကြွပ်ဆပ်နေမယ်

ခန္ဓာကိုယ်မှာ သံဓာတ်နည်းလာရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေက အားနည်းပြီးဖျော့တော့လာပါတယ်။ ဘယ်လိုမျိုးသိသာလဲဆိုတော့ လက်သည်း၊ခြေသည်းတွေကြွပ်ဆပ်လာတာမျိုး၊ မျက်ခွံအတွင်းသားတွေဖျော့တော့နေတာမျိုးပါ။ သွေးဆုံးခါနီးအမျိုးသမီးတွေက တစ်နေ့ကိုသံဓာတ် ၁၈ ဂရမ်လိုပါတယ်။ အမျိုးသားတွေနဲ့ မီးယပ်သွေးဆုံးအမျိုးသမီးတွေမှာတော့ ၈ မီလီဂရမ်ပဲလိုပါတယ်။ ခန္ဓာကိုယ်အတွက် အသား နှင့်ပင်လယ်စာတွေကရတဲ့ တိရစ္ဆာန်အခြေပြု သံဓာတ်တွေလိုပါတယ်။ ဟင်းနုနွယ် ၊ ကုလားပဲ ၊ ရှောက်ချိုသီး နှင့်တခြားဗီတာမင် C ပါဝင်တဲ့ အစားအစာတွေ စားသုံးပေးလို့ရပါတယ်။

၂။ သွေးပေါင်တွေအရမ်းမြင့်နေမယ်

ဒီလိုဖြစ်တာက ဗိုက်တာမင် D နည်းနေလို့ပါ။ အရွယ်ရောက်ပြီးသူတွေက နေ့စဉ် ဗီတာမင် D ၆၀၀ ယူနစ်လိုပါတယ်။ ဆယ်လမွန်ငါး ၊နွားနို့၊ လိမ္မော်ရည်တို့ကခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်Dဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။

၃။သွေးပေါင်တွေအရမ်းကျနေမယ်

ဒါက ဗိုက်တာမင် B12 ချို့တဲ့တဲ့ လက္ခဏာတွေထဲက တစ်ခုပါ။ တခြား ဗီတာမင် B12 ချို့တဲ့တာကိုပြသနေတဲ့ လက္ခဏာတွေက ခြေလှမ်းမူမမှန်ခြင်း၊ကြွက်သားအားနည်းခြင်းနှင့်ဆီးအိမ်ထိန်းချုပ်နိုင်စွမ်းမရှိခြင်းတို့ဖြစ်ပါတယ်။ အရွယ်ရောက်သူတွေက နေ့စဉ်ဗီတာမင်၂.၄ဂရမ်လိုပါတယ်။ ဗီတာမင် B12 ရနိုင်တဲ့အစားအစာရင်းမြစ်တွေက ဆယ်လမွန်ငါး ၊ အမဲသား ၊ နွားနို့နှင့် ကြက်ဥတို့ ဖြစ်ပါတယ်။

၄။ ခြေထောက်ကြွက်တက်မယ်

ကြွက်သားတွေ တည်ဆောက်ဖို့အတွက် ပိုတက်ဆီယမ်လိုပါတယ်။ ပိုတက်ဆီယမ်ချို့တဲ့တာက ချွေးထွက်များခြင်း ၊ ပျို့အန်ခြင်း နှင့် အရည်ဓာတ်ဆုံးရှုံးခြင်းတို့က တဆင့် အာဟာရဓာတ်တွေဆုံးရှုံးလို့ဖြစ်တာပါ။ စားသုံးပေးသင့်တဲ့ အစားအစာတွေက ကန်စွန်းဥ ၊ ငှက်ပျောသီး ၊ ထောပတ်သီး နှင့် အုန်းရေတို့ပဲဖြစ်ပါတယ်။

၅။ ပင်ပန်းနေသလိုခံစားနေရမယ်

ဆေးလိပ်သောက်တဲ့သူတွေက ဗီတာမင် C ချို့တဲ့နိုင်ချေ ၃ ဆမက ပိုများပါတယ်တဲ့။ အမျိုးသမီးတွေက နေ့စဉ် ဗီတာမင် C ၇၅ ဂရမ် ၊ အမျိုးသားတွေမှာတော့ ၉၀ ဂရမ် လိုအပ်ပါတယ်။ ရှောက်ချိုသီး ၊ ဖရုံသီး ၊ ကီဝီသီး ၊ နာနတ်သီး ၊ ခရမ်းချဉ်သီး ၊ ဟင်းနုနွယ် ၊ ငရုတ်ပွနှင့် ပန်းဂေါ်ဖီစိမ်းတို့က ဗီတာမင် C ပြည့်ဝတဲ့အစားအစာတွေပါ။

၆။ နှုတ်ခမ်းထောင့်နားတွေအက်ကွဲနေမယ်

နှုတ်ခမ်းအရေခွံကွာတာက ဗီတာမင် B6 ချို့တဲ့တာကိုပြသတာပါ။ နေ့စဉ် ဗီတာမင် B6 ၅၀ မီလီဂရမ်ကနေ ၁၀၀ မီလီဂရမ် သောက်သုံးပေးသင့်ပါတယ်။

Ref : rd.com/health/symptoms-nutrient-deficiency/

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top