ဒီဇိုင်းရော ဈေးပါ ပြောစရာမရှိတဲ့ Huawei ရဲ့ Y9 (2018)

Huawei-Y9-2018.jpg

စမတ်ဖုန်း သုံးစွဲသူတွေ သဘောကျလောက်စရာ အသစ်တစ်ခုကို Huawei က ဖန်တီးပေးလိုက်ပြန်ပါပြီ။ အဲဒါကတော့ Huawei ရဲ့Midrange Series အနေနဲ့ သိကြတဲ့ Y Series ထဲက Y9 (2018) စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ 259000 ဆိုတဲ့ ဈေးနှုန်းကလည်း သင့်တယ်ဆိုတာထက် ပြန်ရမယ့် စွမ်းဆောင်ရည်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် တော်တော်လေး တန်တယ်လို့ ဆိုရမှာပါ။

မျက်နှာပြင်အကျယ် ၅.၉၃ လက်မ၊ 18:9 အချိုးနဲ့ 2160*1080 ရုပ်ထွက်အရည်အသွေးရှိတဲ့ Full View Display, လုံလောက်တယ်ဆိုတာထက် များတဲ့ ဘက်ထရီပမာဏ နဲ့ EMUI 8.0 ပါဝင်ထားတာကြောင့် Huawei ရဲ့ Flagship တန်းဝင် ဖုန်းတစ်လုံး သုံးရသလို ခံစားမိစေမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ဖုန်းတစ်လုံး ဝယ်တော့မယ်ဆို မဖြစ်မနေ ထည့်စဉ်းစားကြတာက ကင်မရာ အရေအတွက်နဲ့ အရည်အသွေးပါပဲ။ Y9 (2018) မှာက ကင်မရာ လေးလုံး ပါဝင်နေတာကြောင့် ဓာတ်ပုံ ဝါသနာအိုးတွေနဲ့ ဆယ်လ်ဖီသမား လူငယ်တွေအတွက် သဘောခွေ့စရာ ဖြစ်နေပါတယ်။

16MP နဲ့ 2MP ရှိတဲ့ ကင်မရာ နှစ်လုံးက သေသပ်လှပတဲ့ ဆယ်လ်ဖီပုံတွေကို ရစေနိုင်မှာ ဖြစ်သလို 13MP နဲ့ 2MP ရှိတဲ့ ကျောဘက် ကင်မရာ နှစ်လုံးကလည်း ကြည်လင် ပြတ်သားတဲ့ ရုပ်ထွက်အရည်အသွေးရှိ ဓာတ်ပုံကောင်းတွေကို ရစေမှာပါ။ လုံခြုံရေးစနစ်တွေအဖြစ် Finger Print Sensor ကို ကျောဘက်မှာ ထည့်သွင်းတပ်ဆင်ထားပြီး မျက်နှာပုံစံကို မှတ်သား ဖတ်ရှုတဲ့ Face ID လည်း ပါဝင်နေပါတယ်။

Huawei ရဲ့ကိုယ်ပိုင် Kirin 659 ပရိုဆက်ဆာကို သုံးစွဲပေးထားလို့ သုံးစွဲရတာ ပေါ့ပါး သွက်လက်နေမှာဖြစ်သလို Android 8.0 Oreo နဲ့ EMUI 8.0 တို့ကြောင့် notifications, Launcher, app icon တွေရဲ့ အသွင်အပြင်ကလည်း ဆန်းသစ်နေမှာ ဖြစ်ပါတယ်။ Y9 (2018) မှာ 3GB RAM ပါဝင်ပြီး ROM က 32GB ပါဝင်ပြီးဖြစ်တဲ့အပြင် ထပ်တိုးချင်လည်း တိုးလို့ရနိုင်ပါသေးတယ်။

4000mAh ဆိုတာ ဖုန်းတစ်လုံးအတွက် အတော်များတဲ့ ဘက်ထရီပမာဏပါ။ အဲဒါကို Y9 (2018) မှာ သုံးထားပါတယ်။ ဒီပမာဏနဲ့ဆို အနည်းဆုံး တစ်ရက်လောက် အားပြန်မသွင်းပဲ သုံးလို့ ရပါတယ်။ Super powering saving mode/ultra power saving mode တွေလည်း ပါဝင်တာမို့ ဘက်ထရီနဲ့ ပတ်သက်ပြီး ပြောဖို့တောင် မရှိတော့ပါဘူး။

Device လေးခုနဲ့ ချိတ်ဆက်နိုင်ပြီး ကြန့်ကြာမှု မရှိတဲ့ Wi-Fi စနစ်၊ ပုံမှန် Bluetooth စနစ်ထက် အဆ ၁၀၀ ပိုမြန်တဲ့ Huawei Share, smartwatch and headphone တွေသုံးနေရင်း နောက်ထပ် Device နဲ့ ထပ်ပြီး ချိတ်ဆက်နိုင်တဲ့ Dual Bluetooth စနစ်၊ Wireless Screen Sharing စနစ်နဲ့ Card Slots သုံးခု ပါဝင်နေတာတွေလိုမျိုး ထူးခြားတဲ့ လုပ်ဆောင်ချက်တွေလည်း Y9 (2018) မှာ ပါဝင်နေပါတယ်။

Y9 (2018) ကို အနက်ရောင်၊ အပြာရောင်နဲ့ ရွှေရောင်ဆိုပြီး အရောင်သုံးမျိုးနဲ့ ရနိုင်မှာပါ။ ကင်မရာလေးလုံး၊ 4000mAh ဘက်ထရီနဲ့ Face ID ဆိုတာတွေနဲ့တင် ဝယ်မယ်ဆို တန်နေပါပြီ။ 250,000 ဝန်းကျင်နဲ့ ရနိုင်တဲ့ ဖုန်းထဲမှာတော့ Y9 (2018) အပြင် တန်လွန်းတဲ့ ရွေးချယ်စရာ မတွေ့မိသေးပါဘူး။ အထူးသဖြင့် လူငယ်ပိုင်းတွေ အတွက်တော့ ဖက်ရှင်လည်းကျ အသုံးလည်းဝင်မယ့် Midrandge ဖုန်းတစ်လုံး ဖြစ်နေတာမို့ နှစ်ခါ စဉ်းစားစရာ မလိုဘဲ ဝယ်လို့ဖြစ်တဲ့ ဖုန်းတစ်လုံးလို့သာ အကြံပေးလိုက်ချင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top