နွားနို့နဲ့ ပျားရည်တို့ကို အတူတွဲသောက်လို့ရလား

6-8-2002-yyl-0154.jpg

ပျားရည်ရော နွားနို့ရော နှစ်ခုလုံးက မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝပြီး ကျန်းမာရေးအကျိုးကျေးဇူး များစွာရှိတယ်ဆိုတာ သင်သိတယ်မလား။ ပျားရည်က အန်တီအောက်စီဒန့်ဓာတ်နဲ့ အန်တီမိုက်ခရိုဘီရယ် ဂုဏ်သတ္တိတွေပါဝင်ပြီး နွားနို့ကတော့ ပရိုတင်းဓာတ်၊ ကယ်စီယံဓာတ်၊ လက်တစ်အက်ဆစ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ပျားရည်ဆိုရင် ကြာရှည်ခံပြီး အလေးအမြတ်ထားတဲ့အရာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနှစ်မျိုးကို အတူတူစားသုံးတဲ့အခါ အကျိုးကျေးဇူးထိရောက်မှုရှိတယ်လို့ သင်ထင်ပါသလား။ ပျားရည်နဲ့နွားနို့က ရောသောက်လို့ရပါတယ်။ အကျိုးအာနိသင်တွေကိုလည်း လေ့လာစမ်းသပ်ထားပြီးသား ဖြစ်ပါတယ်။ နွားနို့ထဲကို သကြားအစား ပျားရည်တစ်ဇွန်း ထည့်သောက်တာက ကျန်းမာရေးအကျိုးကျေးဇူး တွေလည်းရှိပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

အရိုးကျန်းမာရေး ကောင်းစေတယ်

ကယ်စီယံဓာတ်အများဆုံးရရှိတဲ့ နွားနို့က အရိုးကျန်းမာရေးကို ကောင်းစေပါတယ်။ သွေးဖိအားကို ထိန်းညှိပေးနိုင်တဲ့ မရှိမဖြစ်အာဟာရဓာတ် ပိုတတ်စီယမ်ဓာတ်လည်း ကြွယ်ဝပါတယ်။

အဆုတ်အားကောင်းစေတယ်

နွားနို့ကို ပျားရည်နဲ့သောက်သုံးတာက အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ကာကွယ်ဖို့အတွက် ထိရောက်တဲ့ကုသနည်းဖြစ်ပါတယ်။ နွားနို့နွေးနွေးတစ်ခွက်က အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေကို လျော့ပါးသွားစေဖို့အတွက် ဘတ်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးပါတယ်။ လည်ချောင်းနာတဲ့အခါမှာလည်း ပျားရည်ရောထားတဲ့ နွားနို့တစ်ခွက်က ထိရောက်တဲ့ကုသနည်းပါပဲ။

အစာအိမ်ရောင်ရမ်းခြင်းကို တွန်းလှန်ပေးတယ်

နွားနို့နဲ့ပျားရည်မှာပါဝင်တဲ့ အာနိသင်တွေက အစာအိမ်အတွင်းမှာ ရောဂါပိုးဖြစ်လာစေတဲ့ဘတ်တီးရီးယားတွေကို ဖျက်စီးပေးပါတယ်။ ကောင်းတဲ့ဘတ်တီးရီးယားတွေကို သိုလှောင်ပေးပြီး အစာအိမ်ရောင်ရမ်းခြင်းတွေကနေ လျင်လျင်မြန်မြန် သက်သာလာစေပါတယ်။

ကောင်းကောင်းအိပ်စက်စေတယ်

ပျားရည်နဲ့နွားနို့က ကျွန်တော်တို့ရဲ့ဦးနှောက်ကို တည်ငြိမ်စေပြီး သက်တောင့်သက်သာရှိစေပါတယ်။ အိပ်ရာမဝင်ခင် ဒီအရည်ကို သောက်သုံးပေးမယ်ဆိုရင် ကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးနိုင်ပါတယ်။ နွားနို့ပူပူတစ်ခွက်ထဲကို ပျားရည်ရောစပ်တာက အဆိပ်အတောက်ဖြစ်စေတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ ဒီအချက်က အကုန်လုံးမမှန်ပါဘူး။

တကယ်တော့ အဆိပ်အတောက်ဖြစ်တာက ပျားရည်ကို အပူပေးတဲ့အခါမှာဖြစ်ပါတယ်။ ပျားရည်ကို (၁၄၀ ဒီဂရီဆဲလ်စီယပ်) နဲ့ အပူပေးပြီး နွားနို့နဲ့ ရောလိုက်မယ်ဆိုရင် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ hydroxymethylfurfual ဓာတုဒြပ်ပေါင်းဓာတ်ကို ထုတ်လုပ်ပါတယ်။ ဒါကြောင့် နွားနို့ထဲကို ပျားရည်ထည့်မယ်ဆိုရင် ပျားရည်ကို အပူမပေးတာ အကောင်းဆုံးပါပဲ။ နွားနို့ကို အပူပေးပြီး (၁၀) မိနစ်လောက် အအေးခံပြီးမှ ပျားရည်ကို ထည့်သောက်သင့်ပါတယ်။

Ref: Milk and honey: Is it good to have them together?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top