နာမည်ကျော် Paint Program ကို ရပ်ဆိုင်းတော့မယ်အကြောင်း ကြေညာလိုက်တဲ့ Microsoft

mspaintdeathfeat-800x475.jpg

Microsoft ရဲ့နာမည်ကျော်ဒီဇိုင်း Program ဖြစ်တဲ့ paint ဟာ Windows 10 စနစ်ထဲမှာ ပါဝင်လာခဲ့ပေမဲ့ Microsoft ကတော့ ဒီ Program ကို ဖယ်ရှားပစ်ပြီး ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ Paint Program ဟာ Windows operating system ထဲမှာ ၁၉၈၅ ခုနှစ်ကတည်းက ပါဝင်လာခဲ့တဲ့ Program တစ်ခုဖြစ်ပြီး သူရဲ့ ရိုးရှင်းခြင်းနဲ့ လွယ်ကူစွာ ဖန်တီးနိုင်ခြင်းတို့ကြောင့် လူသိများတဲ့ Program တစ်ခု ဖြစ်ပါတယ်။ Paint Program ကို ရပ်ဆိုင်းလိုက်ပေမဲ့ Paint နောက်ပေါ်တဲ့ Program ဖြစ်တဲ့ Paint 3D ကိုတော့ ဆက်လက် အသုံးပြုနိုင်မှာဖြစ်တယ် လို့သိရပါတယ်။ Microsoft ကတော့ Paint Program ကို စက်တင်ဘာမှ နိုဝင်ဘာလအတွင်း Windows 10 မှ ဖယ်ရှားခြင်း ဒါမှမဟုတ် နောက်ထပ်လာမဲ့ Updates တွေမှာတော့ ထည့်သွင်းခြင်း မပြုတော့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းကြောင့် သုံးစွဲသူအများစုဟာ သူတို့ရဲ့ စိတ်ပျက်မှုကို RIP Paint ဟုဆိုတဲ့ Message များနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဝေမျှခဲ့ကြပါတယ်။ ဒီလို လူအများစုရဲ့ ထောက်ခံမှုကြောင့် Microsoft ဟာ ဇူလိုင်လ ၂၅ ရက်နေ့မှာ သတင်းထပ်မံထုတ်ပြန်ခဲ့ပြီး Windows 10 မှာတော့ default အနေနဲ့ ပါဝင် ထည့်သွင်းတော့မှာ မဟုတ်ပေမဲ့ Windows Store တွေမှာ အခမဲ့ ဒေါင်းလုတ်ဆွဲပြီး အသုံးပြုနိုင်မှာ ဖြစ်တယ် လို့ကြေညာခဲ့ပါတယ်။

“ဒီကနေ့မှာ MS Paint နဲ့ပါတ်သတ်ပြီး ထောက်ခံမှုတွေ အများအပြားရှိနေကြောင်း ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ ၃၂ နှစ်ကြာပြီးနောက်မှာ MS  Paint မှာလည်း ပရိတ်သတ် အများအပြား ရှိနေပါတယ်။ ဒါ့ကြောင့် MS Paint ကို ကျွန်တော်တို့ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ပြီး MS Paint ကို Windows Store မှာ အခမဲ့ ဒေါင်းလုတ်ဆွဲပြီး အသုံးပြုနိုင်မှာဖြစ်တယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref : BBC Tech : Microsoft signals end of Paint program

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top