ဒရုန်း (Drone) ကြောင့် ပျောက်နေတဲ့ကလေးလေးကို ပြန်ရှာတွေ့

yyl-17-021.jpg

မင်နီဆိုးတားပြည်နယ်က အသက် (၆) နှစ်အရွယ်ကလေးလေးဟာ (၁၀) နာရီနီးပါးလောက် ပျောက်နေခဲ့ပြီးတဲ့နောက်မှာ အန္တရာယ်ကင်းကင်းနဲ့ ပြောင်းခင်းထဲမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။ အခုလိုပြန်ရှာတွေ့ခဲ့တာက ဒရုန်း (Drone) ကြောင့်ဖြစ်တယ်လို့ မင်နီဆိုးတားပြည်နယ်က အာဏာပိုင်တွေက ဆိုပါတယ်။

အီသန် (Ethan) လို့အမည်ရတဲ့ အဲဒီကလေးလေးက သူ့နေအိမ်အနီးနားမှာ ခွေးလေးနဲ့ ကစားနေတုန်း ပျောက်သွားခဲ့တာဖြစ်ပါတယ်။ လူ (၆၀၀) ကျော်နဲ့ အစိုးရအဖွဲ့တွေက အီသန်ကို ရှာဖွေဖို့အတွက် ကူညီပေးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ကောင်းကင်ပေါ် ဝဲပျံနေတဲ့ နည်းပညာဖြစ်တဲ့ ဒရုန်းက ကလေးလေးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

နေအိမ်ရဲ့အရှေ့ဘက်တစ်မိုင်ကျော်က ပြောင်းခင်းထဲမှာ အီသန်ကို ပြန်ရှာတွေ့ခဲ့တာပါ။ အီသန်ကို ပြန်ရှာတွေ့တော အေး နေပေမဲ့ ကျန်းမာရေးကောင်းတဲ့အခြေအနေပါပဲ။ ဒရုန်းက ကလေးကို ရှာဖွေဖို့အတွက် heat-seeking နည်းပညာလို့ခေါ်တဲ့ ပစ်မှတ်ကို ဦးတည်ပြီး စူးစမ်းရှာဖွေတဲ့နည်းကို အသုံးပြုခဲ့တာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။
အီသန်ကတော့ သူ့ခွေးလေးက သူ့ကိုအန္တရာယ်ကင်းအောင်ထားပေးခဲ့ကြောင်းနဲ့ သူ့ကို ရှာဖွေပေးခဲ့ကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

Ref: ABCNews “Heat-seeking drone finds missing 6-year-old Minnesota boy in cornfield”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply