ဖုန်းအားသွင်းကြိုးတစ်ချောင်းကြောင့် အသက်ဆုံးရှုံးသွားရတဲ့ နှစ်နှစ်သမီးလေး

original-20577-1507699088-3.png

တစ်ခါတစ်ရံမှာ “ဘာမှမဖြစ်လောက်ပါဘူး” လို့တွေးပြီး လစ်လျူရှုထားမိလိုက်တဲ့ကိစ္စမျိုးက ဆုံးရှုံးမှုကြီးကြီးမားမားတွေကို ဖြစ်လာစေနိုင်တယ်ဆိုတာ အခုဖြစ်ရပ်က သက်သေပြသွားတယ်လို့ ပြောရမှာပါပဲ။ အဖြစ်ကတော့ ဒီလိုပါ။

နယူးဒေလီမြို့နားက ဂျဟန်ဂျီရာဘတ်ဒ် (Jahangirabad) ဆိုတဲ့ရွာလေး

အိန္ဒိယနိုင်ငံက ရှီဗား (Shiver) လို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကနယူးဒေလီမြို့နားက ဂျဟန်ဂျီရာဘတ်ဒ် (Jahangirabad) ဆိုတဲ့ရွာလေးမှာနေတဲ့ အဘိုးအဘွားတွေဆီ မိဘတွေနဲ့အတူ အလည်အပတ်သွားခဲ့ပါတယ်။

နောက်တစ်နေ့ (စနေနေ့) မှာတော့ မိခင်ဖြစ်သူ ရာဇီရာ (Razia) က ရှီဗားကို ကစားနေပါစေ ဆိုပြီး ဖုန်းအားသွင်းကြိုးတပ်ထားတဲ့ ပလပ်ခုံတစ်ခုအနားမှာ အမှုအမှတ်မဲ့နဲ့ ထားရစ်ခဲ့မိပါတယ်။

မိခင်ဖြစ်သူ ရာဇီရာ (Razia) က ရှီဗားကို ကစားနေပါစေ ဆိုပြီး ဖုန်းအားသွင်းကြိုးတပ်ထားတဲ့ပလပ်ခုံတစ်ခုအနားမှာ အမှုအမှတ်မဲ့နဲ့ ထားရစ်ခဲ့မိ

အဲဒီနောက်မှာတော့ စောင့်ကြည့်နေသူဘယ်သူမှရှိမနေဘဲ တစ်ယောက်တည်းကစားကျန်ခဲ့တဲ့ ရှီဗားလေးဟာ ပလပ်ခုံမှာတပ်ထားတဲ့ အားသွင်းကြိုးရဲ့ခေါင်းကို ပါးစပ်ထဲထည့်ခဲ့မိတာကြောင့် ဓာတ်လိုက်ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

မိသားစုဝင်တစ်ယောက်က အားသွင်းထားတဲ့ဖုန်း အားပြည့်သွားချိန်မှာ ဖုန်းကိုပဲဖြုတ်ယူသွားခဲ့ပြီး မီးမပိတ်ခဲ့ဘဲ အားသွင်းကြိုးကို ပလပ်ခုံမှာတပ်လျက်အတိုင်း ပေါ့ပေါ့ဆဆထားခဲ့

မိသားစုဝင်တစ်ယောက်က အားသွင်းထားတဲ့ဖုန်း အားပြည့်သွားချိန်မှာ ဖုန်းကိုပဲဖြုတ်ယူသွားခဲ့ပြီး မီးမပိတ်ခဲ့ဘဲ အားသွင်းကြိုးကို ပလပ်ခုံမှာတပ်လျက်အတိုင်း ပေါ့ပေါ့ဆဆထားခဲ့မိတဲ့အတွက် ရှီဗားလေးဟာ အခုလိုအဖြစ်ဆိုးနဲ့ မကြုံသင့်ဘဲ ကြုံခဲ့ရတာပါ။

ရှီဗားရဲ့ မိသားစုဝင်ဘယ်တစ်ယောက်မှ လာပြီးအကြောင်းကြားအသိပေးတာမျိုး မလုပ်ခဲ့

“ဒီကိစ္စအတွက် ရှီဗားရဲ့ မိသားစုဝင်ဘယ်တစ်ယောက်မှ လာပြီးအကြောင်းကြားအသိပေးတာမျိုး မလုပ်ခဲ့ပါဘူး…ဒါကြောင့် အမှုဖွင့်အရေးယူလို့လည်းမရတာပါ။ အကယ်၍ တစ်ယောက်ယောက်ကများအကြောင်းကြားလာခဲ့တယ်ဆိုရင် ဥပဒေအတိုင်းဆောင်ရွက်လို့ရမှာပေါ့” လို့ ရွာရဲ့ရဲဌာနက ရဲအရာရှိ အခီးလစ်ရှ် ပရက်ဒန် (Akhilesh Pradhan) က ပြောပြခဲ့ပါတယ်။

ကိုယ့်အိမ်မှာ ကလေးငယ်တွေရှိနေတယ်ဆိုရင် ဒီအဖြစ်ကိုနမူနာယူပြီး သတိပြုသင့်

ဒါ့ကြောင့် စာဖတ်သူတွေအနေနဲ့လည်း ကိုယ့်အိမ်မှာ ကလေးငယ်တွေရှိနေတယ်ဆိုရင် ဒီအဖြစ်ကိုနမူနာယူပြီး သတိပြုသင့်ပါကြောင်း တိုက်တွန်းလိုက်ပါရစေ။

Ref: Daily Mail “Girl, two, is electrocuted after putting a mobile phone charger in her mouth in India”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top