အလှအပအတွက် ရေခဲတုံးရဲ့ အသုံးဝင်တဲ့နည်းတွေ

yyl-17-024.jpg

ရေခဲတုံးက ဖျော်စရာ၊သောက်စရာတွေကို အေးသွားအောင်လုပ်တဲ့နေရာမှာသုံးတဲ့အပြင် အခြားနေရာတွေမှာလည်း အသုံးဝင်ပါတယ်။ ရေခဲတုံးက အသားရေအတွက်ကယ်တင်ရှင်လို့လည်း ပြောလို့ရပါတယ်။ တချို့မိတ်ကပ်ပညာရှင်တွေက ရေခဲတုံးကို အလှအပရေးရာနဲ့ပတ်သက်ပြီး လျှို့ဝှက်လက်နက်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒါကြောင့် အလှအပအတွက် ရေခဲတုံးကို ဘယ်လိုနေရာတွေမှာ အသုံးပြုလို့ရမလဲဆိုတာ စာဖတ်ပရိသတ်တွေ သိရှိရအောင် မျှဝေပေးလိုက်ရပါတယ်။

မျက်လုံးမို့တာကို ဖယ်ရှားပေးခြင်း

မျက်လုံးမို့တာ၊ မျက်အိတ်ဖောင်းတာတွေကို ကုသတဲ့နေရာမှာ ရေခဲတုံးကလည်း ထိရောက်မှုရှိပါတယ်။ ရေခဲတုံးကို မျက်လုံးအောက်မှာ ညင်ညင်သာသာလေး (၁၀-၁၅) မိနစ်လောက် ဖိကပ်ထားပေးပါ။ အဲဒီလိုလုပ်ပေးမယ်ဆိုရင် မျက်လုံးမို့တာကို သက်သာသွားစေမှာဖြစ်ပါတယ်။

ဝက်ခြံပိန်ရှုံ့သွားခြင်း

ဝက်ခြံပေါက်လို့ စိတ်ညစ်နေလား။ ဒါဆိုရင် ရေခဲတုံးက သင့်ရဲ့ဝက်ခြံတွေ ပိန်ရှုံ့သွားအောင် ကူညီပေးနိုင်ပါတယ်။ ဝက်ခြံပေါ်မှာ ရေခဲတုံးကို ကပ်ထားလိုက်မယ်ဆိုရင် သွေးကြောတွေကို တင်းကျပ်သွားစေခြင်းဖြင့် နီမြန်းရောင်ရမ်းမှုကို လျော့နည်းသွားအောင် ကူညီပေးနိုင်ပါတယ်။

အသားရေကြည်လင်ဝင်းပလာခြင်း

သင့်မျက်နှာကို ရေခဲတုံးနဲ့ ပွတ်ပေးခြင်းက သွေးလည်ပတ်မှုကို ကောင်းစေပြီး ကြည်လင်ဝင်းပတဲ့အသားရေကို ပိုင်ဆိုင်စေနိုင်ပါတယ်။ အဝတ်စတစ်ခုထဲကို ရေခဲတုံးအနည်းငယ်ထည့်ထုတ်ပိုးပြီး အသားရေကို မိနစ်အနည်းငယ်လောက် ပွတ်တိုက်နှိပ်နယ်ပေးလို့လည်းရပါတယ်။

နေလောင်ဒဏ်ကို ကုသပေးခြင်း

နေလောင်ဒဏ်ကို ကုသတဲ့နေရာမှာ အကောင်းဆုံးနည်းလမ်းက ရေခဲတုံးကို အသုံးပြုပြီး ကုသခြင်းပါပဲ။ နေလောင်ဒဏ်ဖြစ်တဲ့နေရာမှာ ရေခဲတုံးကိုပုံမှန်ကပ်ပေးမယ်ဆိုရင် နီမြန်းတာတွေကို သက်သာသွားစေနိုင်ပါတယ်။
Ref: Ways you can use ice in your beauty routine

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top