စကားလုံးတွေကို ဘာသာပြန်ပေးမယ့် Smart Face Mask

15-7-2020-yyl-025.jpg

အခုဆိုရင် Mask ဝတ်ဆင်ရတာက ကျွန်တော်တို့ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာတဲ့အတွက် ဖက်ရှင်ကုန်ပစ္စည်းတံဆိပ်နဲ့ တီထွင်ဖန်တီးသူတွေက လူတွေ ဝတ်ရတာအဆင်ပြေစေမယ့်၊ ဖက်ရှင်ကျကျဝတ်ဆင်နိုင်မယ့် Mask တွေကို ထုတ်လုပ်နိုင်ဖို့ နည်းလမ်းတွေ ရှာနေကြပါတယ်။ ဂျပန်နိုင်ငံမှာလည်း Donut Robotics လို့ ခေါ်တဲ့ တည်ထောင်ခါစကုမ္ပဏီတစ်ခုက Mask ဝတ်ပြီး စကားပြောရတာ မခက်ခဲဘဲ အဆင်ပြေစေဖို့အတွက် Smart Mask ကို မကြာသေးခင်က ထုတ်လုပ်ခဲ့ပါတယ်။

ဒီ Mask ကို ပါးစပ်အကာအကွယ်တစ်ခုလိုပဲ ရိုးရိုးmask တွေပေါ်မှာ ဝတ်ဆင်ရပြီး Bluetooth ကတစ်ဆင့် ကြိုးမဲ့မိုက်ခရိုဖုန်းနဲ့ ချိတ်ဆက်ရပါတယ်။ ဖုန်းလာရင်လည်း ဖုန်းကို အလွယ်တကူကိုင်လို့ရတဲ့အပြင် သင့်အသံကိုလည်း ကျယ်လာအောင် လုပ်ပေးပါတယ်။ Face Mask တော်တော်များများက အသံကို ဖုံးအုပ်သွားပြီး နှုတ်ခမ်းလှုပ်ရှားတာတွေကိုလည်း မမြင်ရတဲ့အတွက် ငွေရှင်းကောင်တာကဝန်ထမ်းတွေနဲ့ ဆက်သွယ်စကားပြောရတာ အခက်အခဲဖြစ်စေတယ်လို့ Donut Roboiticရဲ့စီအီးအို ထိုက်ဆူကီက အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။ အဲဒါကြောင့် ဒီပြဿနာတွေ ဖြေရှင်းပေးဖို့အတွက် Smart Face Mask ကို ထုတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒီMask က မတူတဲ့ဘာသာစကားနှစ်မျိုးကြား လွယ်ကူစွာ ဆက်သွယ်ပြောဆိုနိုင်ဖို့ Google Translate မွာလိုပဲ ပြောစကားတွေကိုလည်း ဘာသာပြန်ပေးပါတယ်။ လက်ရှိမှာတော့ ဂျပန်ဘာသာစကားကနေ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းဘာသာစကား အပါအဝင် ဘာသာစကား (၈) မျိုးကို ဘာသာပြန်ပေးနိုင်ပါတယ်။ ပထမတစ်သုတ်အနေနဲ့ တစ်ခုကို ဒေါ်လာ ၄၀ တန်တဲ့ Mask အခု (၅၀၀၀) ကို စက်တင်ဘာလကျရင် ဂျပန်နိုင်ငံအတွင်းမှာ တင်ပို့ရောင်းချမှာဖြစ်တဲ့အပြင် အမေရိကန်၊ ဥရောပ နဲ့ တရုတ်နိုင်ငံတွေမှာလည်း ရောင်းချဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေမှာ Smart Face Mask တွေ ရနိုင်လားဆိုတာကိုတော့ ထုတ်ပြောပြထားခြင်းမရှိပါဘူး။

Ref: This Smart Face Mask Can Translate Speech & Take Phone Calls To Make Life Easier Amid COVID-19

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top