ကိုယ့်တပ်စိတ်ကို ပြန်တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ အမေရိကန် စစ်သည်တစ်ယောက်ကို စွဲချက်တင်

23-6-2020-yyl-003.jpg

အမေရိကန်စစ်သည်တစ်ယောက်ဟာ နာဇီဝါဒရှိတဲ့ အဖွဲ့တစ်ဖွဲ့ကို သတင်းအချက်အလက်တွေ ပေးပို့ပြီး ကိုယ့်ရဲ့တပ်စိတ်ကို ခြုံခိုတိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး အကြမ်းဖက်မှုနဲ့စွဲချက်တင်ခံထားရပါတယ်။ အသက် ၂၂ နှစ်ရှိတဲ့ အီသန်မယ်ဇာဟာ သူ့ရဲ့တပ်စိတ်နဲ့ပတ်သက်တဲ့ ထိလွယ်ရှလွယ်တဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို Order of the Nine Angles အဖွဲ့ထံ ပေးပို့ခဲ့တာပါ။ အဲဒီအဖွဲ့ဟာ မကောင်းတဲ့အတတ်အပေါ် အခြေခံတဲ့ နာဇီဝါဒရှိပြီး လူမျိုးရေးလှုံ့ဆော်မှု အစွန်းရောက်အဖွဲ့ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။

အီသန်မယ်ဇာဟာ သူ့တပ်စိတ်ရဲ့ သတင်းအချက်အလက်တွေကို ဂျီဟတ်တွေထံ ပေးပို့ဖို့ စီစဉ်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ သူ့ရဲ့အစီအစဉ်ကို FBI နဲ့ အမေရိကန်စစ်တပ်က တားဆီးနိုင်ခဲ့ပြီး ဇွန်လ ၁၀ ရက်မှာ သူ့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ တပ်သား အီသန်မယ်ဇာဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက အမေရိကန်စစ်တပ်မှာ စာရင်းပေးသွင်းခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လမှာ စတင်တာဝန်ထမ်းဆောင်ခဲ့သူပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top