အချိန်အကြာကြီးခင်မင်လာခဲ့ပြီး ပေါင်းဖက်ဖြစ်ခဲ့ကြတဲ့ ဆယ်လီများ

yyl-18-025-1.jpg

တစ်ခါတရံ ကျွန်တော်တို့ဘဝမှာ အချစ်ဆိုတာကို အနီးနားမှာရှိနေတာတောင် မမြင်မိကြပါဘူး။ ချစ်သူနှစ်ဦးလမ်းခွဲပြီးမှ သူငယ်ချင်းတွေအဖြစ် နေသွားကြတာတွေရှိသလို အချိန်အကြာကြီး သူငယ်ချင်းတွေအဖြစ် ရင်းနှီးလာပြီးမှ အရမ်းချစ်ကြတဲ့ လက်တွဲဖော်တွေ ဖြစ်သွားကြတာတွေလည်း ရှိပါတယ်။ ဆယ်လီတွေထဲမှာလည်း အချိန်အကြာကြီး အချင်းချင်းသိခဲ့ကြပြီးနောက်မှာ ချစ်သူတွေအဖြစ် ပေါင်းဖက်ခဲ့ရတဲ့ သူတွေရှိပါတယ်။ အဲဒီနာမည်ကြီးဆယ်လီတွေကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ဂျက်စတင်ဘီဘာ (Justin Bieber) နဲ့ ဟေလီ ဘတ်ဝင်း (Hailey Baldwin)

ဂျက်စတင်ဘီဘာနဲ့ ဟေလီဘတ်ဝင်းတို့က ၂၀၁၅ခုနှစ်မှာ ချစ်သူတွေမဖြစ်ခင် ၂၀၀၉ခုနှစ်ကတည်းက အချင်းချင်းသိခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ၂၀၁၅ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၆ခုနှစ် ဇန်နဝါရီအထိ တွဲခဲ့ကြပါတယ်။ အဲဒီကြာထဲမှာ ပြတ်သွားခဲ့ပြီး ၂၀၁၈ခုနှစ် မေလမှာ ပြန်တွဲခဲ့ကြပါတယ်။ သူတို့စုံတွဲက ၂၀၁၉ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က မင်္ဂလာပွဲကို တရားဝင်ကျင်းပခဲ့ပြီး ပေါင်းဖက်သွားခဲ့ကြပါပြီ။

ကောက်နေး ဘီ ဗန်ဆလ် (Courtney B. Vance) နဲ့ အိန်ဂျလာ ဘက်ဆက် (Angela Bassett)

ကောက်နေး နဲ့ အိန်ဂျလာတို့က Yale Drama School မှာကတည်းက အတန်းဖော်တွေဖြစ်ခဲ့ကြတာပါ။ သူတို့အချင်းချင်းသိခဲ့ကြတာ (၈၀) ပြည့်နှစ်ကဖြစ်ပြီး အဲဒီအချိန်တုန်းက ကောက်နေးမှာ ချစ်သူကောင်မလေးရှိခဲ့ပါတယ်။ ဒါပေမဲ့ (၉၀) ပြည့်နှစ်အစမှာတော့ သူငယ်ချင်းဆက်ဆံရေးကနေ ချစ်သူတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၇ခုနှစ်မှာ သူတို့စုံတွဲက လက်ထပ်ခဲ့ကြပါတယ်။

မီလာ ခုနစ်စ် (Mila Kunis) နဲ့ အက်ရှ်တန်ကက်ချာ (Ashton Kutcher)

မီလာ ခုနစ်စ်က သူ ပထမဆုံးပါဝင်ခဲ့တဲ့တီဗီအစီအစဉ်က တွဲဖက်သရုပ်ဆောင်နဲ့ လက်ထပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ မီလာနဲ့ အက်ရှ်တန်တို့က ၁၉၉၈ခုနှစ်ရဲ့ That 70s Show အစီအစဉ်မှာ ပါဝင်ရင်း သိခဲ့ကြတာပါ။ အဲဒီနောက်မှာ အချင်းချင်းမတွေ့ဖြစ်ကြတော့ဘဲ ၂၀၁၂ခုနှစ်မှာတော့ စတွဲဖြစ်ခဲ့ကြပါတယ်။ သူတို့စုံတွဲက၂၀၁၄ခုနှစ်မှာ စေ့စပ်ခဲ့ကြပြီး ၂၀၁၅ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။

ကင်မ် ကာဒါရှန် (Kim Kardashian) နဲ့ ကန်ရီ ဝက်တ် (Kanye West)

ကင်မ်နဲ့ ကန်ရီတို့စုံတွဲက ၂၀၀၂ခုနှစ်ဝန်းကျင်မှာ စတွေ့ဆုံခဲ့ကြတာပါ။ အဲဒီအချိန်တုန်းက ကန်ရီက ကင်မ်ရဲ့သူငယ်ချင်းဘရန်ဒီနဲ့ ဗီဒီယိုရိုက်ကူးနေတာဖြစ်ပါတယ်။ သူတို့စတွေ့တွေ့ချင်တုန်းက ကင်မ်က ဘယ်သူလဲဆိုတာကို ကင်ရီက မသိခဲ့ပါဘူး။ သူတို့နှစ်ယောက်လုံးက အခြားသူတွေနဲ့ တွဲနေစဉ်မှာပဲ အချင်းချင်းလေးစားခဲ့ကြတာပါ။ ၂၀၀၉ခုနှစ်မှာ ကင်ရီက ကင်မ်အကြောင်း သီချင်းစာသားတောင် ရေးခဲ့ပါသေးတယ်။ ကင်ရီက သီချင်းတစ်ပုဒ်မှာ ကင်မ်ကို ချစ်ကြောင်းဝန်ခံခဲ့ပေမဲ့ သူတို့စုံတွဲက ၂၀၁၂ခုနှစ်အထိ တွဲနေကြောင်း အတည်မပြုခဲ့ကြပါဘူး။ ဒါပေမဲ့ သူတို့စုံတွဲက ၂၀၁၄ခုနှစ်က အီတလီနိုင်ငံမှာ လက်ထပ်ခဲ့ကြပါတယ်။

ရှောင် မန်ဒက်စ် (Shawn Mendes) နဲ့ ကမီလာ ကပ်ဘဲလို (Camila Cabello)

ရှောင် မန်ဒက်စ်နဲ့ ကမီလာ ကပ်ဘဲလိုတို့ကတော့ ချစ်သူတွေပဲရှိပါသေးတယ်။ လက်မထပ်ရသေးပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်အကြောင်းကိုလည်း စာဖတ်ပရိသတ်တွေသိရအောင် ထည့်ရေးပေးလိုက်ရတာပါ။ သူတို့စုံတွဲက ၂၀၁၄ခုနှစ်က စတင်သိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီကနေစပြီး အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်လာခဲ့ပြီး လှုမှုကွန်ယက်အကောင့်မှာလည်း သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးကို မျှဝေခဲ့ကြပါတယ်။ အဲဒီလိုအရမ်းရင်းနှီးမှုကြောင့် သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ထင်ယောင်ထင်မှားဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်မှာ တွဲနေကြတဲ့သူတွေရှိပါတယ်။ ၂၀၁၉ခုနှစ် ဇူလိုင်လမှာတော့ ဆန်ဖရန်စစ္စကိုမြို့ရဲ့ကဖေးဆိုင်တစ်ခုမှာ သူတို့နှစ်ယောက်နမ်းနေကြတာကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒီနောက်မှာ သူတို့နှစ်ယောက်ချစ်သူတွေဖြစ်နေကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့ပါတော့တယ်။

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top