ဒေါ်လာ (၁.၂) သန်းတန် လူပုံစံတူမွေးနေ့ကိတ်

cake-2.jpg

အင်္ဂလန်နိုင်ငံက ကိတ်မုန့်ဖန်တီးမှုကျွမ်းကျင်ပညာရှင် ဒပ်ဘီ ဝင်းဟမ် (Debbie Wingham)ဆိုသူဟာ ဒူဘိုင်းမင်္ဂလာဆောင်တစ်ခုအတွက် ဒေါ်လာ ၁သန်းတန် လူပုံတူကိတ်မုန့်ကို ဖန်တီးပြုလုပ်ခဲ့ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကိတ်မုန့်အဖြစ် စံချိန် တင်ထားခဲ့သူပါ။ မကြာသေးမီက အမျိုးသားတစ်ဦးဟာ သူရဲ့ချစ်သူမိန်းကလေးရဲ့မွေးနေ့မှာ အံဩသွားစေဖို့ ရည်ရွယ်ပြီး မွေးနေ့ရှင်မိန်းကလေးရဲ့ ပုံတူမွေးနေ့ကိတ်မုန့်တစ်လုံး ဖန်တီးပေးဖို့ ဒပ်ဘီထံ တောင်းဆို မှာယူခဲ့ပါတယ်။

မွေးနေ့ရှင်မိန်းကလေးရဲ့ မျက်နှာအနေအထား၊ ကိုယ်ခန္ဓာအချိုးအဆစ်တွေဟာ အမေရိကန်ရုပ်သံတင်ဆက်သူ ကင်ကာဒေးရှန်(Kim Kardashian)နဲ့ တော်တော်လေးဆင်တူတဲ့အတွက်ကြောင့် ဖန်တီးထားတဲ့ပုံတူကိတ်မုန့်ဟာ နှစ်ယောက်လုံးနဲ့ ဆင်လို့နေပါတယ်။ ဒပ်ဘီ(Debbie)က ကိတ်မုန့်ကို ဖန်တီးရာမှာ အပြင်ဘက်အပေါ်ယံအလွှာကို ချောကလက်၊ အနက်ရောင်သကာရည်တို့ကို အသုံးပြုခဲ့ပြီး စမတ်ကျလှပတဲ့ ဝတ်စုံအဖြစ်ဖန်တီးခဲ့ပါတယ်။

မျက်နှာကိုပြုလုပ်ရာမှာ သုံးဖက်မြင် (3D)နည်းပညာကို အသုံးပြုဖန်တီးထားခဲ့ပြီး မေးရိုးတစ်ခုကလွဲ၍ ကင်ကာဒေးရှန်(Kim Kardashian)ရဲ့ မျက်နှာအသွင်အပြင်နဲ့ ဆင်တူလို့နေပါတယ်။ ဒါ့အပြင် မိတ်ကပ်လိမ်းခြယ်ခြင်းအတွက်လည်း သကြားများကိုသာ သဘာဝကျကျ အသုံးပြု ဖန်တီးခဲ့ပါတယ်။ကိတ်မုန့်တစ်ခုလုံးတွင် လည်ပင်းမှာဆွဲထားတဲ့ စိန်ဆွဲကြိုး၊ စိန်လက်ကောက်တို့မှလွဲပြီး ပါဝင်တဲ့အစိတ်အပိုင်းအားလုံးကို စားလို့ရအောင်ဖန်တီးပြုလုပ်ထားပါတယ်။

ဒပ်ဘီ (Debbie)ဟာ ကိတ်မုန့်တစ်ခုလုံးကို အချိန်ဆယ်ရက်အတွင်း ပြီးစီးအောင်ဖန်တီးခဲ့ပြီး ဒေါ်လာ ၁.၂ သန်းခန့် ကုန်ကျခဲ့ပါတယ်။ ဆင်ယင်ပေးထားတဲ့ စိန်လက်ကောက်၊ စိန်ဆွဲကြိုးတို့ဟာ ယခင် ဒေါ်လာ ၁သန်းတန်ဖိုးရှိ ဒူဘိုင်းမင်္ဂလာဆောင်ရုပ်တူ ကိတ်မုန့်စံချိန်ကို ချိုးဖျက်လိုက်နိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ရပ်လည်း ဖြစ်နေပါတယ်။

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top