ဝီလ်စမစ်နဲ့ ခရစ်ရော့ခ်တို့ ပြန်လည်သင့်မြတ်ဖို့ မျှော်လင့်နေတဲ့ ဂျေဒါ ပင်ကတ် စမစ်

3-6-2022-yyl01.jpg

မတ်လက ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲအတွင်း မင်းသားကြီး ဝီလ်စမစ်က သူ့ဇနီးဂျေဒါကို စနောက်ခဲ့တဲ့ ဟာသသရုပ်ဆောင် ခရစ်ရော့ခ်ရဲ့မျက်နှာကို ရိုက်ခဲ့တာ စာဖတ်ပရိသတ်တွေအသိပါပဲ။ အခုဆိုရင် ဝီလ်စမစ်ရဲ့ဇနီး မင်းသမီး ဂျေဒါ ပင်ကတ် စမစ်က ဝီလ်စမစ်နဲ့ခရစ်ရော့ခ်တို့နှစ်ဉီးကို ပြန်လည်သင့်မြတ်သွားဖို့ မျှော်လင့်နေပါတယ်။

Red Table Talk အစီအစဉ်အတွင်း ဂျေဒင်က “အခု အော်စကာဆုပေးပွဲညနဲ့ပတ်သက်ပြီး ကျွန်မရဲ့အနက်ရှိုင်းဆုံးမျှော်လင့်ချက်က ဉာဏ်ရည်ထက်မြက်ပြီးတော်ကြတဲ့ ဒီနှစ်ယောက်ကို ပွင့်ပွင့်လင်းလင်းရင်ဖွင့်ဆွေးနွေးပြောဆိုပြီး ပြန်လည်သင့်မြတ်လာမယ့် အခွင့်အရေးတစ်ခုရှိလာဖို့ပါပဲ။

အခု ကမ္ဘာကြီးမှာ ဖြစ်​ပျက်နေတဲ့အခြေအနေမျိုးမှာ ကျွန်မတို့ သူတို့နှစ်ယောက်လုံးကို လိုအပ်ပြီး ကျွန်မတို့အားလုံးက တစ်ယောက်ကိုတစ်ယောက် အရင်ကထက် ပိုလိုအပ်နေတာပါ။ အဲဒီမတိုင်ခင်အထိ ဝီလ်နဲ့ ကျွန်မတို့က လွန်ခဲ့တဲ့ ၂၈ နှစ်အတွင်း ကျွန်မတို့ လုပ်ခဲ့ပြီးတဲ့အရာတွေကို ဆက်လက်လုပ်ဆောင်နေပြီး ဘဝလို့ခေါ်တဲ့ ဒီအရာကို အတူတကွ ဆက်ပြီးအဖြေရှာနေပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆံပင်အကွက်လိုက်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းဖြစ်စေတဲ့ alopecia ကျန်းမာရေးအခြေအနေကို ခံစားနေရတဲ့ ဂျေဒါဟာ အော်စကာဆုပေးပွဲကတည်းက သူ့ကို လူတော်တော်များများ ဆက်သွယ်လာခဲ့တယ်လို့လည်း ထုတ်ပြောပြခဲ့ပါတယ်။ “ကျွန်မရဲ့ကျန်းမာရေးအခြေအနေနဲ့ အော်စကာဆုပေးပွဲမှာ ဖြစ်ပျက်ခဲ့တာတွေကို တွေးတောနေရင်းနဲ့ လူထောင်ပေါင်းများစွာက ကျွန်မကို ဆက်သွယ်ပြီး သူတို့ကြုံတွေ့ခံစားခဲ့ရတဲ့အရာတွေကို မျှဝေရင်း အားပေးနှစ်သိမ့်ခဲ့ကြပါတယ်”တဲ့။

အော်စကာဆုပေးပွဲအပြီးမှာ ဝီလ်စမစ်က သူ့ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး “ကျွန်တော် နာကျင်အောင်လုပ်ခဲ့မိတဲ့သူတွေက အများကြီးပါပဲ။ ခရစ်၊ သူ့ရဲ့မိသားစု၊ ကျွန်တော့်ရဲ့ချစ်လှစွာသောသူငယ်ချင်းတွေနဲ့ ချစ်ခင်ရသူတော်တော်များများ၊ ပွဲတက်ရောက်လာခဲ့သူအားလုံး၊ အိမ်ကနေ ကြည့်နေကြတဲ့ တစ်ကမ္ဘာလုံးက ကြည့်ရှုသူတွေအပါအဝင်ပါပဲ။

The Academy ရဲ့ယုံကြည်မှုကို ကျွန်တော် ချိုးဖောက်မိခဲ့တယ်။ အခြားဆန်ကာတင်စာရင်းဝင်သူတွေနဲ့ ဆုရရှိသူတွေကို သူတို့ရဲ့ထူးခြားပြောင်မြောက်တဲ့အလုပ်အတွက် ဂုဏ်ပြုဖို့ အခွင့်အရေးလက်လွှတ်ခဲ့ရတယ်။ ကျွန်တော် ကြေကွဲရပါတယ်” လို့ ထုတ်ပြန်ပြောကြားခဲ့ပါသေးတယ်။

အဲဒီ​​အ​ဖြစ်အပျက်ကြောင့်ဝီလ်စမစ်က The Academy of Motion Picture Arts & Sciences အဖွဲ့အစည်းကနေ နှုတ်ထွက်လိုက်တဲ့အပြင် အော်စကာဆုပေးပွဲတက်ရောက်ခွင့်လည်း ၁၀ နှစ်တာ ပစ်ပင်ခံလိုက်ရပါတယ်။

Ref: 8dayssingapore “Jada Pinkett Smith Hopes Will Smith And Chris Rock “Have An Opportunity To Heal, Talk This Out, And Reconcile” After Oscars Slap”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top