ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးကြေညာခဲ့ကြတဲ့ နာမည်ကြီးမင်းသမီး ၂ ဦး

27-6-2022-yyl16.jpg

ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့မှာ နာမည်ကြီးမင်းသမီး ၂ ဦးဟာ ပထမဆုံးရင်သွေးလေးလွယ်ထားရပြီဖြစ်ကြောင်း ပရိသတ်တွေကို အင်စတာဂရမ်မှာ အသိပေးကြေညာခဲ့ပါတယ်။ အဲဒီမင်းသမီးတွေက ကိုရီးယားမင်းသမီးချော ဆွန်ရီဂျင်းနဲ့ ဘောလိဝုဒ်မင်းသမီးချော အလီယာဘတ်တို့ပါပဲ။

ကိုရီးယားမင်းသမီးချောဆွန်ရီဂျင်းက ဒီစိတ်လှုပ်ရှားဖွယ်ရာသတင်းကို အင်စတာဂရမ်မှာ အခုလို ကြေညာခဲ့ပါတယ်။ “အားလုံးနေကောင်းကြရဲ့လား ကျွန်မလည်း နေကောင်းပါတယ်” ဒီနေ့ ဝမ်းသာစရာ သတင်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်၊ ကျွန်မတို့အတွက် ဘဝအသစ်လေးရောက်လာပါပြီ။

ကျွန်မ နည်းနည်း မူးဝေနေတုန်းပါပဲ။ စိုးရိမ်စိတ်၊ စိတ်လှုပ်ရှားမှုတွေနဲ့ ကျွန်မရဲ့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ နေ့တိုင်း ခံစားရတယ်။ ကျေးဇူးတင်စရာကောင်းတဲ့အတွက် ကျွန်မ သတိကြီးကြီးထားနေတာကြောင့် ကျွန်မအနီးနားက ဘယ်သူကိုမှ မပြောရသေးပါဘူး။ နောက်ကျမသွားခင် ဒီသတင်းကို စောင့်မျှော်နေတဲ့ ပရိသတ်တွေနဲ့အသိမိတ်ဆွေတွေကို ကျွန်မပြောပြနေတာပါ။ ကျွန်မတို့​ဆီရောက်လာတဲ့ အဖိုးတန်​အသက်​လေးကို ​သေချာ​ပေါက်​ကာကွယ်​​ပေးမှာပါ။ အားလုံးပဲ မင်းတို့ဘဝရဲ့ တန်ဖိုးရှိတဲ့အရာတွေကို ကာကွယ်ပြီး ကျန်းမာစွာနေထိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပျော်ရွှင်ပါစေ”

ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးစုံတွဲဖြစ်တဲ့ ဆွန်ရီဂျင်းနဲ့ ဟွန်ဘင်းတို့က အခုနှစ်မတ်လမှာ လက်ထပ်ခဲ့ကြတာပါ။ မကြာခင် သူတို့နှစ်ယောက် မိဘတွေဖြစ်တော့မှာမို့ ဝမ်းသာစရာပါပဲ။ ကိုယ်ဝန် ဘယ်နှစ်လရှိပြီဆိုတာကိုတော့ အသေးစိတ်ပြောပြထားခြင်းမရှိပါဘူး။

ဘောလိဝုဒ်မင်းသမီး အလီယာဘတ်ကလည်း ကိုယ်ဝန်ရှိနေပြီဆိုတာကို ပုံတစ်ပုံနဲ့ အင်စတာဂရမ်မှာ အသိပေးခဲ့တာပါ။ အဲဒီပုံကတော့ အလီယာဘတ် အာထရာဆောင်းရိုက်နေတာကို ခင်ပွန်းဖြစ်သူ ရန်ဘီယာ ကာပူးရ်က ဘေးမှာရှိနေတဲ့ပုံပါ။ “ကျွန်မတို့ရဲ့ကလေးလေး မကြာခင်လာတော့မယ်”ဆိုတဲ့စာသားကိုလည်း ရေးသားထားပါတယ်။

အလီယာဘတ်နဲ့ ရန်ဘီယာ ကာပူးရ်တို့က ဧပြီလ ၁၄ ရက်နေ့မှာ လက်ထပ်ခဲ့ကြတာပါ။ သူတို့ရဲ့လက်ထပ်ပွဲက ဘောလိဝုဒ်ရဲ့အကောင်းဆုံးမင်္ဂလာပွဲတွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။ အလီယာက ကိုယ်ဝန် (၃) လရှိပြီလို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Ref: Soompi & Filmfare

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top