ကာလရှည်ဗီဇာ လျှောက်ထားနိုင်မယ့် လုပ်ငန်းနယ်ပယ်ကို ၁၄ ခုအထိ တိုးချဲ့ဖို့ ဂျပန်နိုင်ငံ စဉ်းစားနေ

25.4.2023-yyl-iamge-9.jpg

လုပ်ငန်းကျွမ်းကျင်တဲ့ ပြည်ပလုပ်သားတွေ ကာလရှည်ဗီဇာ လျှောက်ထားနိုင်မယ့် လုပ်ငန်းနယ်ပယ်ကို ၃ ခုကနေ ၁၂ ခုအထိ တိုးမြှင့်သွားဖို့ ဂျပန်နိုင်ငံက စဉ်းစားနေတယ်လို့ Nikkei သတင်းစာက ဖော်ပြပါတယ်။ ကာလရှည်ဗီဇာ လျှောက်ထားနိုင်မယ့် လုပ်ငန်းနယ်ပယ် တိုးချဲ့မှုကို အစောဆုံး ဇွန်လကနေ စတင်ဖွယ် ရှိတယ်လို့ ရေးသားထားပါတယ်။

သက်ကြီးရွယ်အို များပြားနေတဲ့ ဂျပန်နိုင်ငံဟာ လုပ်ငန်းနယ်ပယ်အများအပြားမှာ လုပ်သားရှားပါးမှု ကြုံတွေ့နေပေမဲ့ ပြည်ပလုပ်သား အများအပြားကို ခေါ်ယူဖို့ တွန့်ဆုတ်လျက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်က စတင်အကျုံးဝင်ခဲ့တဲ့ ဥပဒေအရ စိုက်ပျိုးရေး၊ ဘိုးဘွားစောင့်ရှောက်ရေး၊ သန့်ရှင်းရေး အစရှိတဲ့ လုပ်ငန်းနယ်ပယ် ၁၄ ခုက လုပ်ငန်းကျွမ်းကျင်တဲ့ လုပ်သားတွေကို ဂျပန်နိုင်ငံက ဗီဇာထုတ်ပေးလျက် ရှိပါတယ်။

ဒါပေမဲ့ ဗီဇာသက်တမ်း ၅ နှစ်ပဲ သတ်မှတ်ထားပြီး မိသားစုဝင်တွေလည်း ခေါ်ယူခွင့် မရှိပါဘူး။ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေးနဲ့ ဘိုးဘွားစောင့်ရှောက်ရေးကဏ္ဍတွေမှာ အလုပ်လုပ်သူတွေပဲ အထူးပါမစ်စနစ်အရ နေထိုင်ခွင့် တိုးမြှင့်လျှောက်ထားနိုင်တာပါ။

ကာလရှည်ဗီဇာနဲ့ အကျုံးဝင်ပြီး တိုးချဲ့သွားမယ့် လုပ်ငန်းနယ်ပယ်တွေထဲမှာ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ အစားအစာထုတ်လုပ်ရေးနဲ့ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းတွေ ပါဝင်လာလိမ့်မယ်လို့ Nikkei သတင်းစာက ဖော်ပြပါတယ်။

Ref: Japan eyes widening of long-term foreign worker visa scheme: Report

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply