ဧပြီနောက်ဆုံးပတ်အကုန်မှာ အိန္ဒိယက ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာမယ်လို့ ဆို

25.4.2023-yyl-iamge-10.jpg

လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်ကာလအတွင်း တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံပေါင်း လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ၊ ၁ ပုံကျော် ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံက လူဦးရေအများဆုံး၊ အိန္ဒိယက ဒုတိယအများဆုံးပါ။ ဒါပေမဲ့ အခုသီတင်းပတ်အကုန်မှာတော့ အိန္ဒိယက တရုတ်နိုင်ငံကို ကျော်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

” ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် ကာလရှည် ရပ်တည်ခဲ့တဲ့ သတ်မှတ်ချက်ကို တရုတ်နိုင်ငံ မကြာခင် စွန့်လွှတ်ရတော့မှာပါ” လို့ ကုလသမဂ္ဂရဲ့ စီးပွားရေးနဲ့ လူမှုရေးဌာန(DESA)က ထုတ်ပြန်ခဲ့တာပါ။

ဧပြီလအကုန်မှာ အိန္ဒိယနိုင်ငံရဲ့ လူဦးရေက ၁.၄၂၅ ဘီလျံ ရှိမယ်လို့ ဒေတာအသစ်တွေက ဖော်ပြနေပါတယ်။ ၂၀၂၃ ခုနှစ်အလယ်ပိုင်းမှာ အိန္ဒိယနိုင်ငံရဲ့ လူဦးရေက တရုတ်နိုင်ငံထက် ၂.၉ သန်း ပိုများသွားလိမ့်မယ်လို့ ကုလသမဂ္ဂ လူဦးရေဆိုင်ရာအဖွဲ့က ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း တရုတ်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်း ကျဆင်းခဲ့ပြီး ၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ လူဦးရေကျဆင်းသွားခဲ့ပါတယ်။ ဒီရာစုနှစ်မကုန်ခင် တရုတ်နိုင်ငံရဲ့ လူဦးရေက ၁ ဘီလျံအောက် ရောက်သွြးနိုင်တယ်လို့ DESA က ဆိုပါတယ်။

Ref: India’s population to surpass China this week – UN

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top