ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးစင်တာမှာ အလုပ်လုပ်သူက ဂျပန်နိုင်ငံရဲ့ရှေးအကျဆုံး ကုဋီကို မတော်တဆ ဖျက်ဆီးမိ

19-10-2022-yyl-02.jpg

ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးစင်တာမှာ အလုပ်လုပ်တဲ့ အမျိုးသားတစ်ယောက်ဟာ နှစ် ၇၀၀ ကျော် သက်တမ်းရှိတဲ့ ဇင်ဘုရားကျောင်းထဲက ရှေးအကျဆုံးကုဋီကို မတော်တဆ ဖျက်ဆီးမိခဲ့ပါတယ်။

ကျိုတိုမြို့ရဲ့ အထင်ကရအဖြစ်ဆုံး ဇင်ဘုရားကျောင်း ၅ ကျောင်းထဲက တစ်ကျောင်းဖြစ်တဲ့ တိုဖူကူဂျီဘုရားကျောင်းရဲ့ ကုဋီဟာ ၁၅ ရာစုကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး အရေးကြီးတဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတာပါ။

အဲဒီအမျိုးသားက Back ဂီယာဝင်နေတာကို သတိမပြုမိဘဲ လီဗာနင်းမိခဲ့လို့ ကုဋီတံခါးကို ဆောင့်တိုက်မိခဲ့တာဖြစ်ပြီး ရှေးဟောင်းကုဋီတံခါး ပျက်စီးသွားခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒီဖြစ်ရပ်မှာ လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိသလို ကုဋီအတွင်းပိုင်းလည်း ထိခိုက်ပျက်စီးခြင်း မရှိပါဘူး။

သူဟာ အလုပ်ကိစ္စကြောင့် တိုဖူကူဂျီဘုရားကျောင်းကို လာခဲ့တာဖြစ်တယ်လို့ ဆန်ကိုင်ရှင်ဘမ်းသတင်းစာက ရေးသားဖော်ပြပါတယ်။ အဲဒီသတင်းစာမှာ ဖော်ပြထားတဲ့ ဓာတ်ပုံအရ ကားက ကုဋီရဲ့သစ်သားတံခါးနဲ့ တိုင်တွေကို ဝင်တိုက်မိခဲ့ပုံပေါ်ပါတယ်။

ထိခိုက်ပျက်စီးမှုက ပြန်လည်ပြင်ဆင်နိုင်တဲ့ အတိုင်းအတာဖြစ်ပေမဲ့ မူလအခြေအနေအတိုင်း ပြန်ပြင်ဖို့အတွက် ကရိကထ အရမ်းများလိမ့်မယ်လို့ တိုဖူကူဂျီဘုရားကျောင်း သုတေသနဌာနရဲ့ အရာရှိတစ်ယောက်က ပြောပါတယ်။

တိုဆုလို့ ခေါ်ကြတဲ့ ကုဋီဟာ မူရိုမာချီခေတ် (၁၃၃၆ ခုနှစ်မှ ၁၅၇၃ ခုနှစ်ကြားကာလ) ပထမတစ်ဝက်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး တွင်းပေါက် ၂၀ ပါဝင်တဲ့ ကျောက်ခုံပါဝင်တယ်လို့ ဆိုပါတယ်။

Ref: Japan heritage worker backs car into oldest toilet at Kyoto temple

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top