တနင်္လာနေ့ကို “ရက်သတ္တပတ်ရဲ့အဆိုးဆုံးနေ့”လို့ ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းက တရားဝင်ကြေညာ

19-10-2022-yyl-03.jpg

တနင်္လာနေ့က တစ်ပတ်တာရဲ့ပထမဆုံးနေ့ဖြစ်တာကြောင့် လူတွေ သိပ်ပြီးမနှစ်သက်ကြတဲ့နေ့ပါပဲ။ လူတော်တော်များများက စနေ၊ တနင်္ဂနွေနေ့တွေမှာတော့ ပျော်နေတတ်ကြပြီး တနင်္လာနေ့ရောက်ရင်တော့ ရုံးပိတ်ရက်တွေက မြန်လိုက်တာ၊ ရုံးသွားဖို့ စိတ်မပါလိုက်တာ၊ စနေတနင်္ဂနွေရောက်ဖို့ အဝေးကြီးလိုသေးတယ်ဆိုတဲ့ Monday Blues ကို ခံစားကြရပါတယ်။ “တနင်္လာနေ့က ရက်သတ္တပတ်ရဲ့အဆိုးဆုံးနေ့” လို့ ပြောရင် ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။ အခုဆို ကမ္ဘာဂင်းနစ်စံချိန်မှတ်တမ်းစာအုပ်ကလည်း “တနင်္လာက ရက်သတ္တပတ်ရဲ့အဆိုးဆုံးနေ့” ဖြစ်တယ်လို့ ကြေညာပြီး တရားဝင်အသိအမှတ်ပြုလိုက်ပါတယ်။

ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းက ဒီကြေညာချက်ကို တနင်္လာနေ့မှာ ရေးသားဖော်ပြခဲ့တာပါ။ “တနင်္လာနေ့ကို ရက်သတ္တပတ်ရဲ့အဆိုးဆုံးနေ့အဖြစ် ကျွန်တော်တို့ တရားဝင်မှတ်တမ်းတင်နေပါတယ်”လို့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။ ဒီကြေညာချက်က အင်တာနက်အသုံးပြုသူတွေအတွက် အံ့ဩစရာတော့မရှိပါဘူး။ နဂိုကတည်းက သူတို့တွေရဲ့စိတ်ထဲမှာ တနင်္လာနေ့ကို ရက်သတ္တပတ်ရဲ့အဆိုးဆုံးနေ့အဖြစ် သတ်မှတ်ထားခဲ့လို့ပါပဲ။

ကမ္ဘာ့ဂင်းနစ်မှတ်တမ်းက ကမ္ဘာ့တစ်ဝှမ်းရှိ ဘာသာစကားပေါင်းစုံနဲ့ နှစ်စဉ်ထုတ်ဝေတဲ့ စာအုပ်ပါ။ အဲဒီစာအုပ်မှာ ကမ္ဘာ့စံချိန်တင်တဲ့ လူသားတွေရဲ့ထူးခြားတဲ့အောင်မြင်မှုတွေနဲ့ သဘာဝလောကကြီးရဲ့ထူးခြားတဲ့ဖြစ်ရပ်တွေကို စုစည်းတင်ပြထားပါတယ်။ နောရစ်နဲ့ ရော့စ်မက်ဝှာတာ အမြွှာညီအစ်ကိုက ဒီစာအုပ်ကို ၁၉၅၅ခုနှစ် ဩဂုတ်လမှာ ပူးတွဲထုတ်ဝေခဲ့တာပါ။

Ref: Guinness World Records Officially Declares Monday ‘Worst Day Of The Week’; Internet Agrees

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top