ဂျပန်ကုမ္ပဏီတစ်ခုဟာ မြေပြင်အခြေစိုက် လေဆာစနစ်ကို အသုံးပြုပြီး အာကာသထဲမှ အပျက်အစီးအပိုင်းအစတွေကို ရှင်းလင်းဖယ်ရှားနိုင်ဖို့ လုပ်ဆောင်လျက် ရှိပါတယ်။ အာကာသထဲမှ သန်းပေါင်းများစွာသော အပျက်အစီး အပိုင်းအစတွေဟာ တစ်နာရီ မိုင် ၁၈၀၀၀ အထိ အမြန်နှုန်းနဲ့ ကမ္ဘာ့ပတ်လမ်းအတိုင်း လည့်ပတ်နေတာကြောင့် ဂြိုဟ်တုတွေနဲ့ အာကာသခရီးစဉ်တွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။
စွန့်ဦးတီထွင် ဂျပန်ကုမ္ပဏီ EX-Fusion ဟာ သြစတြေးလျရဲ့ EOS Space Systems နဲ့ ပူးပေါင်းပြီး ကနဦးစမ်းသပ်မှုတွေ လုပ်ဆောင်နေတာပါ။ အာကာသထဲမှ အပျက်အစီးတွေကို လေဆာနဲ့ပစ်ပြီး ကမ္ဘာ့လေထုထဲ ပြန်ကျလာချိန်မှာ လောင်ကျွမ်းပျက်စီးသွားအောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။
သူတို့ရဲ့ အစီအစဉ်မှာ ၂ ပိုင်း ပါဝင်ပြီး ပထမအဆင့်အရ ၁၀ စင်တီမီတာနဲ့အောက် အပျက်အစီးအပိုင်းအစတွေကို လေဆာနည်းပညာနဲ့ ခြေရာခံမှပါ။ ဒုတိယအဆင့်မှာတော့ ကမ္ဘာမြေပြင်ပေါ်ကနေ အားကောင်းတဲ့ လေဆာရောင်ခြည်သုံးပြီး အပျက်အစီးအပိုင်းအစတွေကို လှမ်းပစ်မှာပါ။
Ref: Japan Startup Wants To Use High-powered Laser To Take Out Space Junk From The Ground
NZ ( ရိုးရာလေး)