မျိုးဗီဇတစ်ခုလုံးထဲက HIV ပိုးဖယ်ရှားခြင်းကို ပထမဆုံးအကြိမ်အဖြစ်စမ်းသပ်အောင်မြင်ခဲ့

15536240-0-image-a-5_1562079666407.jpg

ဒီသတင်းကြောင့် HIV ပိုးရှိနေသူတွေဖို့ အလားအလာကောင်းတဲ့မျှော်လင့်ချက်တစ်ခုကို ထပ်ရလိုက်ပြီ လို့ဆိုရမှာပါ။ ဒါ့အပြင် ဆေးသိပ္ပံပညာရဲ့ အံမခန်းတိုးတက်မှုတစ်ခုလို့လည်း သတ်မှတ်လို့ရနိုင်ပါတယ်။

HIV ပိုးဖယ်ရှားဖို့ကုထုံးတွေကို ဖန်တီးနေတဲ့သိပ္ပံပညာရှင်တွေဟာ LASER ART လို့ခေါ်တဲ့ဆေးအပြင် မျိုးဗီဇပြုပြင်နည်းကိုပါသုံးပြီး ဓာတ်ခွဲခန်းကြွက်တွေကိုစမ်းသပ်ခဲ့ရာမှာ (၃) ကောင်မြောက်ကြွက်ရဲ့ဗီဇထဲက HIV ပိုးကို ဖယ်ရှားပစ်နိုင်ခဲ့တာပါ။

အဲဒီသိပ္ပံပညာရှင်တွေက HIV ပိုးထိတွေ့ကူးစက်နိုင်စွမ်းရှိ လူသား T ဆဲလ်နဲ့ကြွက်တွေကို CRISPR – Cas9 မျိုးဗီဇပြုပြင်နည်းနဲ့ အရင်ဆုံး စမ်းသပ်ကုသခဲ့ကြပါတယ်။ နှစ်နဲ့ချီကြာမြင့်ပြီး အမှားအယွင်းကြိမ်ရေများစွာရှိခဲ့တဲ့ စမ်းသပ်မှုတွေအပြီးမှာ LASER ART ဆေးကိုဖန်တီးနိုင်ခဲ့ပြီး အခုလိုမျိုးအောင်မြင်မှုကို ရခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်အထိ HIV ပိုး အလျင်းပျောက်သွားတဲ့လူနာဦးရေက ကမ္ဘာပေါ်မှာ (၂) ဦးပဲ ရှိခဲ့ဖူးပါတယ်။ သွေးကင်ဆာရောဂါသည်တွေဖြစ်တဲ့ အဲဒီလူနာနှစ်ဦးလုံးဟာ အန္တရာယ်များလွန်းတဲ့ ရိုးတွင်းခြင်ဆီအစားထိုးကုထုံးနဲ့ ကုသမှုခံယူပြီး HIV ပိုးနဲ့ ကင်ဆာရောဂါ နှစ်ခုလုံးပျောက်သွားခဲ့ကြတာ ဖြစ်ပါတယ်။ (ရိုးတွင်းခြင်ဆီအစားထိုးကုထုံးနဲ့ ကုသအောင်မြင်ဖို့အတွက် လူနာမှာ HIV ပိုးအပြင် ကင်ဆာရောဂါပါ ရှိနေဖို့လိုပါတယ်)

လက်ရှိမှာ ဒီကုထုံးကို macaque မျောက်တွေနဲ့ ဆက်လက်စမ်းသပ်နေပြီး ၂၀၂၀ ခုနှစ်လောက်မှာတော့ လူသားတွေအတွက် အသုံးပြုကုသပေးနိုင်ဖို့ စမ်းသပ်ဖန်တီးသူဆေးသိပ္ပံပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

Ref: DailyMail “Scientists eliminate HIV in the entire genome of lab mice for the first time ever”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top