သစ်တော ပြန်လည်ထူထောင်ရေးမှာ ၁၀ ဆ ပိုသာလွန်စေတဲ့ မောင်းသူမဲ့ယာဉ်တွေကို ဂျပန်နိုင်ငံ စမ်းသပ်အသုံးပြုနေ

drinr.jpg

သစ်တော ပြန်လည်ထူထောင်ရေးမှာ အစဉ်အလာနည်းလမ်းတွေထက် ၁၀ ဆ ပိုမြန်တဲ့ ဉာဏ်ရည်တုနည်းပညာသုံး မောင်းသူမဲ့ယာဉ်တွေကို ဂျပန်နိုင်ငံက စမ်းသပ်အသုံးပြုနေပါပြီ။

ကျိုတိုမြို့အခြေစိုက် အင်ဂျင်နီယာတွေ တီထွင်ထားတဲ့ မောင်းသူမဲ့ယာဉ်တွေဟာ မြေပြင်အခြေအနေကို စမ်းသပ်စစ်ဆေးဖို့ ဉာဏ်ရည်တုနည်းပညာနဲ့ Light Detection and Ranging (lidar) စနစ်ကို အသုံးပြုထားပါတယ်။

မောင်းသူမဲ့ယာဉ်တွေဟာ ဌာနေမျိုးရင်း အပင်မျိုးစေ့တွေ၊ မြေဆွေးတွေ ပါဝင်ပြီး သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးသွားနိုင်တဲ့ မျိုးစေ့အိတ်တွေကို သတ်မှတ်ထားတဲ့နေရာတွေမှာ လိုက်လံကြဲချပေးတာ ဖြစ်ပါတယ်။ မောင်းသူမဲ့ယာဉ်တစ်စီးဟာ အချိန် တစ်နာရီအတွင်း ဘောလုံးကွင်းတစ်ကွင်းစာ အကျယ်အဝန်းရှိတဲ့ မြေနေရာမှာ မျိုးစေ့အိတ်ပေါင်း ၃၀၀ ကျော် ကြဲချပေးနိုင်စွမ်း ရှိပါတယ်။

ဆိုလာစွမ်းအင် အသုံးပြုတဲ့ မောင်းသူမဲ့ယာဉ်တွေဟာ မြေမျက်နှာပြင် ပြောင်းလဲမှုအတိုင်း အလိုက်သင့် လုပ်ဆောင်နိုင်စွမ်းရှိပြီး ကနဦး စမ်းသပ်အသုံးပြုမှုအရ ကြဲချလိုက်တဲ့ မျိုးစေ့အိတ်တွေထဲမှာ ၈၀ ရာခိုင်နှုန်းကျော် အပင်ပေါက်လာစေနိုင်တဲ့အထိ အောင်မြင်မှု ရရှိထားတယ်လို့ ဆိုပါတယ်။

Ref: Japan’s AI-Powered Drones Are Revolutionizing Reforestation 10x Faster

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top