မြေအိုးလေးတွေ မပျောက်ကွယ်စေချင်

water-pot-large.jpg

မြေအိုးတွေကို မြို့ပြမှာ သိပ်မသုံးကြပေမယ့် ကျေးလက်တောရွာတွေမှာတော့ ယနေ့တိုင် အသုံးပြုနေကြစဲပါ။

အိမ်မှာဆိုရင် သောက်ရေအိုးစင် အတွက်ကော၊ ချက်ပြုတ်ဖို့အတွက်ပါ မြေအိုးကိုပဲ အသုံးပြုတယ်။ နောက်ပိုင်း ခေတ်မှီလာတာနှင့်အမျှ မြေအိုးလေးတွ အသုံးပြုတာ ပျောက်ကွယ်လုနီးပါ ဖြစ်လာတယ်။

မြေအိုးတွေက ပလက်စတစ်ပုံး၊ စတီးအိုးတွေလောက် အထိအခိုက် မခံတော့ ပြောင်းသုံးလာကြတယ်နဲ့ တူပါတယ်ဗျာ။ ဒါပေမယ့် သောက်ရေအိုးစင်အတွက် ဆိုရင်တော့ မြေအိုးက အလွန်ကောင်းတာဗျ။ နွေရာသီဆိုရင် ရေအိုးစင်မှာ သဲစိုခင်းပြီး ရေအိုးလေးတင်ထားလိုက်ရင် ရေတွေက သဘာဝအတိုင်း အေးစိမ့်နေတာပဲ။ သောက်တဲ့သူ ရင်ထဲကို အေးမျှစေသားဗျာ။ ရေခဲရေလို အခန့်မသင့် အာသီးယောင်တာမျိုးလည်း မဖြစ်ဘူးခင်ဗျာ့။ မီးမရှိတဲ့ဒေသမှာတော့ မြေအိုးထဲကရေတွေက သဘာဝရေခဲရေပါပဲ။ မြေအိုးနေရာမှ အစားထိုးနေရာဝင်ယူလာတဲ့ ရေသန့်ဘူးတွေကြောင့်တော့ မြန်မာ့ရိုးရာ ရေအိုးစင်ဓလေ့ကို မပျောက်ကွယ် သွားစေချင်ကြောင်း မှတ်တမ်းတင် အကြံပြု ရေးသားလိုက်ပါသည်။

မှတ်ချက်။ ။ ကျော်လင်းနိုင် (ရိုးရာလေး) ပို့စ်အား အနည်းငယ် ပြင်ဆင်ရေးသားထားသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top