ခင်ပွန်းသည် စိတ်မပျက်အောင် ဒီအချက်တွေကိုရှောင်

happy-couple-at-home-PVHS9GX.jpg

ခင်ပွန်းသည် အိမ်ပြန်လာတဲ့ အခါ

ခင်ပွန်းသည်က အလုပ်ကနေ ပင်ပန်းပြီး အိမ်ပြန်လာတဲ့ အခါမှာ ဇနီးသည်အနေနဲ့ ဥပေက္ခာပြု မထားပါနဲ့။ သူစိတ်ညစ် လာသလား သူ ပျော်ရွှင်လာသလား ဆိုတာကို မြင်အောင်ကြည့်ပါ။ ပြီးတော့ သူနဲ့ ခဏစကားပြောပေးပါ။

သူ တစ်ယောက်ထဲ ထမင်းမစားခိုင်းနဲ့

မိမိရှိနေပါလျှက်နဲ့ သူ့ကို တစ်ယောက်ထဲ ထမင်းစားခိုင်းတာ မကောင်းပါ။ မိမိသည်လည်း ဖြစ်နိုင်ရင် ထမင်းကို အရင် စားနှင့်တာတွေ ဖြစ်နိုင်ရင် မလုပ်ပါနဲ့။ ဒါကြောင့် ထမင်းအတူ စားဖြစ်ပါစေ။

သူရဲ့ ဝေယာဝစ္စတွေ

ခင်ပွန်းသည်ရဲ့ ဝေယာဝစ္စတွေကို ဇနီးသည်က လုပ်ပေးဖို့ တာဝန် ရှိပါတယ်။ ဒါကြောင့် သူ့ ဝေယာဝစ္စတွေကို သူ့ကို မလုပ်ခိုင်းပါနဲ့။ မိမိကိုယ်တိုင် သူ့အပေါ် စေတနာရှိစွာ လုပ်ပေးပါ။

မကောင်းတဲ့ ခင်ပွန်း

အကြောင်းကြောင်းကြောင့် မိမိခင်ပွန်ဟာ မကောင်းဘူးဆိုရင်လည်း မိမိ လုပ်ပေးရမယ့် ဝတ္တရားတွေ တာဝန်တွေကို မလစ်ဟင်းပါစေနဲ့။ သူ့အပေါ်မှာ မေတ္တာ စေတနာ အမြဲရှိစွာ ပေါင်းသင့်ပါ။

သူမသိအောင် ငွေတွေ သုံးမယ်

ကိုယ့်ခင်ပွန်းက ကြိုးစား ရှာဖွေထားတဲ့ ငွေတွေကို သူမသိအောင် မိမိက သုံးစွဲတာတော့ မလုပ်ပါနဲ့။ တစ်ခုခု သုံးမယ်ဆိုရင် သူနဲ့ တိုင်ပင်ပါ။ ဒါမှ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မူ မပျက်ပြားစေမှာ ဖြစ်ပါတယ်။

ဖိနှိပ်မယ် ချုပ်ခြယ်မယ်

ဘယ်သူကိုမှာ ဖိနှိပ်ချုပ်ခြယ်တာ မကောင်းပါ။ တကယ်လို့ မိမိ၏ ခင်ပွန်းကို မိမိကိုယ်တိုင်က ဖိနှိပ်ချုပ်ခြယ် လုပ်နေတယ်ဆိုရင် သူလည်း ငြိမ်ခံနေမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ကို ဖိနှိပ်မယ် ချုပ်ခြယ်ဖို့ မကြိုးစားပါနဲ့။

ဟင်းချက်မကောင်းတဲ့ ဇနီး

ခင်ပွန်းသည်ဆိုတာ ကိုယ့်ဇနီး ချက်ပြုတ် ကျွေးမွေးတာကို စားချင်ကြတာချဉ်းပါပဲ။ ဒါကြောင့် မိမိအနေဖြင့် မိမိရဲ့ ခင်ပွန်း စားချင်တာတွေကို ချက်ပြုတ် ကျွေးမွေးဖို့ မမေ့ပါနဲ့။ မချက်တတ်ဘူးဆိုလည်း သင်ယူ လေ့လာကြည့်ပါ။

“တစ်ဖက်သတ်ဆန်စွာ ရေးသားထားခြင်း မဟုတ်ဘဲ ခင်ပွန်းဘက်မှ အမြင်တွေကို ရိုးရှင်းစွာ ချပြထားခြင်းပါ။ နောင်များမှာ ဇနီးသည် “စိတ်မပျက်အောင် ဒီအချက်တွေကိုရှောင်” ဆိုပြီး ဇနီးဘက်က အမြင်တွေကို ချပြပေးသွားမှာ ဖြစ်ပါတယ်။”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top