OPPO စမတ်ဖုန်း တံဆိပ်ကို လူငယ်တွေ ဘာကြောင့် ပိုမို ရွေးချယ်လာကြတာလဲ

OPPO-F5-Youth-Mandalay-Roadshow.jpg

ယနေ့ နည်းပညာ ကမ္ဘာကြီးမှာ စမတ်ဖုန်း သုံးစွဲမှုဟာ အရှိန်ဟုန်မြင့်မားစွာ တိုးတက်နေပြီး နိုင်ငံတကာ သုတေသန ကုမ္ပဏီ IDC ရဲ့ ထုတ်ပြန်ချက်များအရ ကမ္ဘာတစ်ဝန်းလုံးတွင် OPPO စမတ်ဖုန်း သုံးစွဲသူ သန်းပေါင်း 200 ကျော် ရှိပါတယ်။

OPPO ဟာ လူငယ်များကြားမှာ ရေပန်းစားနေတဲ့ အနုပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်နေကာ ရွှေမှုံရတီကို OPPO ambassador အဖြစ် ခန့်အပ်ပြီး နာမည်ကျော် သရုပ်ဆောင် ပိုင်တံခွန်၊ ပိုင်ဖြိုးသုနဲ့ အဆိုတော် Xbox တို့ကို customer relations ambassador များအဖြစ် ခန့်အပ်ကာ နာမည်ကြီး အဆိုတော် မျိုးကြီးတို့နဲ့အတူ OPPO လုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

ဒါ့အပြင် OPPO မှ မော်တာစနစ်သုံး အလိုအလျောက် လှည့်လည် ရိုက်ကူးနိုင်စေသည့် ကင်မရာ၊ အရည်အသွေးမြင့် ဓာတ်ပုံများ ရိုက်ယူနိုင်စေမည့် Ultra HD စနစ်နဲ့ ရုပ်ထွက် အရည်အသွေး မကျဆင်းစေဘဲ မြင်ကွင်းကို ၅ဆအထိ ချဲ့ယူရိုက်ကူးနိုင်စေမည့် 5x Dual Camera Zoom နည်းပညာများကို တီထွင် မိတ်ဆက်ပေးခဲ့တဲ့ ပထမဆုံး အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၅ ရက်မှာထွက်ရှိထားတဲ့ OPPO F5 Youth စမတ်ဖုန်းသစ်မှာ လက်ရှိမြန်မာ
နိုင်ငံ စမတ်ဖုန်း ဈေးကွက်တွင် လူကြိုက်များနေပြီး OPPO F5 Youth စမတ်ဖုန်းမှာ ထူးခြားတဲ့ ဒီဇိုင်းနဲ့ မျက်နှာပြင်ပြည့် ပါးလွှာတဲ့ 18:9 aspect ratio ကိုယ်ထည် အချိုးအစားတို့ကြောင့် ဖက်ရှင်ကျတဲ့ စမတ်ဖုန်းတစ်လုံးပါ။ ဒါ့အပြင် OPPO F5 Youth တွင် Selfie ဓာတ်ပုံများ ရိုက်ကူးခြင်းအတွက် ထူးခြားတဲ့ A.I. Beauty Recognition Technology နှင့်မိမိ၏စမတ်ဖုန်း unlock စနစ်ကို ပိုမိုအဆင်ပြေသွား စေမည့် Facial Unlock နည်းပညာတို့ကိုပါ ထည့်သွင်းပေးထားတယ် လို့သိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top