ချန်ပီယံရှစ် ကလပ်တိုက်စစ်မှူးကို ပရီးမီးယားလိဂ် အောင်ပွဲခံရမှာ ပါဝင်ဆင်နွှဲဖို့ ဂျာဂန်ကလော့ ဖိတ်ခေါ်

15-7-2020-yyl-010.jpg

ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးမှုအတွက် လီဗာပူးအသင်းရဲ့ အောင်ပွဲခံအခမ်းအနားမှာ ပါဝင်ဆင်နွှဲဖို့ ချန်ပီယံရှစ်ကလပ်အသင်းရဲ့ တိုက်စစ်မှူးတစ်ယောက်ကို လီဗာပူးနည်းပြ ဂျာဂန်ကလော့က ဖိတ်ခေါ်ခဲ့ပါတယ်။ ဝိုင်ကွန်ဘီဝမ်းဒါးအသင်းရဲ့ တိုက်စစ်မှူး အကင်ဖန်ဝါဟာ လီဗာပူးအသင်းကို နှစ်ရှည်လများ အားပေးခဲ့တဲ့ ပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ ဝိုင်ကွန်ဘီဝမ်းဒါးအသင်းဟာ အောက်စဖို့ဒ်ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ play-off ဖိုင်နယ်မှာ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့လို့ ၁၃၃ နှစ်ကြာမြင့်တဲ့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းတက်ခွင့်ရရှိခဲ့ပါတယ်။

ဝိုင်ကွန်ဘီဝမ်းဒါးအသင်း တိုက်စစ်မှူး အကင်ဖန်ဝါရဲ့ စာချုပ်က ဒီနှစ်ရာသီအကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ အောက်စဖို့ဒ်နဲ့ပွဲအပြီး အင်တာဗျူးအစီအစဉ်မှာ အကင်ဖန်ဝါက WhatsApp မှာ လီဗာပူးနည်းပြဂျာဂန်ကလော့နဲ့ စကားပြောပြီး သူတို့ရဲ့အောင်မြင်မှုတွေအတွက် အတူတကွအောင်ပွဲခံချင်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျာဂန်ကလော့က အကင်ဖန်ဝါဆီကို ဗီဒီယိုမက်ဆေ့ပို့ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးမှုအတွက် အောင်ပွဲခံခွင့်ရရင် ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply