ရီးရဲလ်ကို အမီလိုက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆွာရက်ဇ် ဝန်ခံ

15-7-2020-yyl-011.jpg

လာလီဂါအမှတ်ပေးဇယားမှာ ရီးရဲလ်ကို အမီလိုက်ဖို့ မဖြစ်နိုင်သလောက်ရှိနေပြီလို့ ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ဝန်ခံခဲ့ပါတယ်။ လာလီဂါရာသီသိမ်းဖို့ ပွဲစဉ်(၂)ပွဲပဲ ကျန်ရှိတော့ချိန်မှာ ရီးရဲလ်က ဘာစီလိုနာကို ၄ မှတ်ဖြတ်ထားသလို ထိပ်တိုက်တွေ့ဆုံမှုအရလည်း အသာရနေလို့ နောက်ထပ် ၂ မှတ်ရရင် လာလီဂါချန်ပီယံဖြစ်တော့မှာပါ။ လွန်ခဲ့တဲ့ ၂ ပတ်အထိ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ဇွန်လရဲ့ ၁၁ ရက်တာကာလအတွင်း ဆီဗီလာ၊ ဆယ်တာဗီဂို၊ အက်သလက်တီကိုအသင်းတွေနဲ့ ၃ ပွဲဆက်တိုက် သရေကျခဲ့ပြီးချိန်မှာ လာလီဂါချန်ပီယံမျှော်လင့်ချက် ထိခိုက်ခဲ့ရပြီး ရီးရဲလ်ရဲ့ ကျော်တက်ခြင်းခံခဲ့ရတာပါ။

” အရိုးသားဆုံး ပြောရရင်တော့ အမှတ်ပေးဖလားရဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဆီဗီလာနဲ့ပွဲက ကျွန်တော်တို့အတွက် အခက်အခဲတွေဖြစ်လာစေတဲ့ပွဲဆိုတာ ထင်ရှားပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်နိုင်မယ့် နည်းလမ်းတွေရှိခဲ့ပါတယ်။ ဆီဗီလာနဲ့ပွဲက အရေးကြီးပေမဲ့ ဆယ်တာဗီဂိုနဲ့ပွဲက အခရာဖြစ်ခဲ့ပါတယ်။ အဲဒီပွဲမှာတော့ ကျွန်တော်တို့ရဲ့ အခွင့်အရေးကောင်းကို ဆုံးရှုံးခဲ့ရပါတယ်”လို့ ဆွာရက်ဇ်က ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top