အထီးကျန် စိတ်ဝေနာရှင် ကလေးငယ်နဲ့ ကြောင်လေးကြားရဲ့ သံယောဇဉ်

iris_grace_painter_cat.jpg

အထီးကျန် စိတ်ဝေဒနာ ခံစားနေရတဲ့ ကလေးငယ်နဲ့ သူ့ကြောင်လေးရဲ့ ချည်နှောင်မှုအကြောင်း ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းက အွန်လိုင်းအသုံးပြုသူတွေရဲ့ စိတ်နှလုံးကို ဆွဲငင်နိုင်ခဲ့ပါတယ်။

ဆရာဝန်တွေက ကလေးငယ် အိုင်းရစ် (Iris Grace Halmshaw) ရဲ့ အထီးကျန် စိတ်ဝေဒနာက ပြင်းထန်လို့ သူ ဘယ်တော့မှ စကားပြောနိုင်မှာ မဟုတ်သလို အခြားသူတွေနဲ့လည်း ဆက်သွယ်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ဖူးပေမယ့် ကြောင်လေး သူလာ ရောက်လာချိန်မှာ အိုင်းရစ်ရဲ့ အခြေအနေက တိုးတက်လာခဲ့ပြီး မိသားစုနဲ့ စကားပြောနိုင်ခဲ့ပါတယ်။

အိုင်းရစ်ဟာ စကားစပြောတတ်တဲ့ အသက် ၂ နှစ်အရွယ်ကတည်းက သူလာဆိုတဲ့ ကြောင်ကလေးနဲ့ လက်ပွန်းတတီး နေခဲ့ကြပြီး အခုဆိုရင်တော့ သူတို့တွေကြားမှာ သံယောဇဉ် ချည်နှောင်ခဲ့တာ လေးနှစ်ကြာခဲ့ပါပြီ။ ရေအရမ်းကြောက်တဲ့ ကောင်မလေး အိုင်းရစ်ဟာ ကြောင်လေး သူလာကြောင့် ရေကြောက်တဲ့စိတ်ကို ဖြေဖျောက်နိုင်ခဲ့ပြီး ကြောင်လေးနဲ့အတူ ရေထဲဆင်းရာကနေ တဖြည်းဖြည်း ရေကူးတတ်ခဲ့ပါတယ်။

ကြောင်လေး သူလာဟာ အိုင်းရစ် ပန်းချီဆွဲနေတဲ့ အချိန်၊ စာဖတ်နေတဲ့ အချိန်တွေမှာ သူ့အနား ထိုင်နေတတ်ပြီး အိုင်းရစ်နဲ့ ရေတူတူ ကူးလေ့ရှိပါတယ်။ အိပ်ရင်တောင် ကြောင်လေး သူလာက အိုင်းရစ် လက်ပေါ် အိပ်တတ်ပါတယ်။ တကယ်လို့ ညအချိန်မှာ အိုင်းရစ် အိပ်ရာက လန့်နိုးတဲ့အခါ တူလာက အိုင်းရစ်ကို အရုပ် ယူပေးပြီး ချော့တတ်တယ်လို့ သိရပါတယ်။ ဒီအကြောင်းတွေကို အိုင်းရစ်ရဲ့မိခင်က အိုင်းရစ်အကြောင်း ရေးသားထားတဲ့ Iris Grace စာအုပ်ထဲမှာ ဖော်ပြထား တာပါ။

အိုင်းရစ်ဟာ ပန်းချီရေးဆွဲရာမှာ ပါရမီထူးချွန်သူဖြစ်ပြီး အသက် ၃ နှစ်အရွယ် ကတည်းက ပြင်သစ်နိုင်ငံသား နာမည်ကျော် ပန်းချီဆရာ မိုနက် ရေးဆွဲခဲ့တဲ့ပုံစံ တောတောင်ရေမြေ ရှုခင်းပုံပန်းချီကားတွေ ရေးဆွဲနိုင်ခဲ့သူပါ။ အိုင်းရစ်ဟာ အွန်လိုင်းမှာ အားပေးသူ အများအပြားရှိပြီး သူ့ပန်းချီကား တစ်ကားကို ပေါင် ၁၅၀ဝနဲ့ ရောင်းချခဲ့ရဖူးပါတယ်။ အိုင်းရစ်ရဲ့မိခင်က အထီးကျန် စိတ်ဝေဒနာ ခံစားရတဲ့ ကလေးငယ်တွေကို သူတို့စိတ်ဝင်စားတဲ့ အရာတွေ လုပ်ခိုင်းရင် တိုးတက်မှုတွေ့ရလိမ့်မယ်လို့ အကြံပြုခဲ့ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top