ပရဟိတဘောလုံးပွဲအတွက် ဒေါ်လာ ၆ ထောင်ကျော် လှူဒါန်းခဲ့တဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား (၂) ဦး

1.6.2023-yyl-23.jpg

Deadpool မင်းသား ရိုင်ယန် ရေးနိုးလ် နဲ့ မင်းသားရော့ဘ် မက်အီလ်ဟန်နေးလ်တို့ဟာ ပရဟိတဘောလုံးပွဲအတွက် ပေါင် ၅၀၀၀ (ဒေါ်လာ ၆ ထောင်ကျော်) လှူဒါန်းခဲ့ပါတယ်။ သူတို့ရဲ့လှူဒါန်းမှုကြောင့် ပရဟိတဘောလုံးပွဲစီစဉ်သူတွေက ဝမ်းသာပီတိဖြစ်ခဲ့ကြရပါတယ်။ Wrexham AFC ရဲ့ ပူးတွဲပိုင်ရှင်တွေဖြစ်တဲ့ ရိုင်ယန်နဲ့ ရော့ဘ်တို့က Wrexham Maelor Hospital ရဲ့ကလေးကုသဆောင်အတွက် ရန်ပုံငွေရှာပေးမယ့် ဘောလုံးပွဲအတွက် လှူဒါန်းခဲ့တာပါ။

Wrexham Police FA အသင်းက အပျော်တမ်းဖူဆယ်ကလပ် FC United of Wrexham နဲ့ ဇူလိုင် ၁ ရက်နေ့မှာ ကစားကြမှာပါ။ ရန်ပုံငွေ ပေါင် ၅၀၀၀ ရဖို့ ရည်မှန်းထားပေမဲ့ မင်းသားရိုင်ယန်တို့က လှူဒါန်းလိုက်တဲ့အတွက် ရန်ပုံငွေက ၂ ဆဖြစ်လာမှာဖြစ်ပါတယ်။ “ကျွန်တော်တို့ ဒါကို မမျှော်လင့်ခဲ့ဘူး။ ကျွန်တော်တို့ လူမှုကွန်ယက်ပေါ်မှာပဲ တင်ခဲ့တယ်။ လူတွေ သိလာတယ်။ ရိုင်ယန်နဲ့ ရော့ဘ်ဆီက လှူဒါန်းမှုကို ကျွန်တော် မြင်တော့ ဝမ်းသာပီတိဖြစ်မိသွားခဲ့တယ်”လို့ FC United of Wrexham ရဲ့ဥက္ကဌ အန်ဒရူး ရူစ်ကိုးက ပြောပါတယ်။

ကလပ်တွေအတွက် ရိုင်ယန် ရေးနိုးလ် အခုလို လှူဒါန်းမှုတွေပြုလုပ်ပြီး ပံ့ပိုးကူညီတာက ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်ကလည်း သူက U12 အသင်းရဲ့ ဝတ်စုံအသစ်တွေအတွက် ပေါင် ၁၆၀၀ လှူဒါန်းခဲ့ပါတယ်။

Ref: Hollywood stars give £5k to charity football match

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top