ဗြိတိန်မင်းသား ဟယ်ရီရဲ့ ထူးခြားတဲ့ မင်္ဂလာပွဲ ဧည့်သည်တော်စာရင်း

prince-harry-meghan-markle-wedding-guest-list-1520109487-1000x600.jpg

ဗြိတိန်အိမ်ရှေ့စံမင်းသား ချားလ်ရဲ့ သားတော်အငယ်ဖြစ်တဲ့ မင်းသားဟယ်ရီနဲ့ ချစ်သူ အမေရိကန်မင်းသမီး မီဂန်မာကယ် တို့ဟာ လာမယ့် ၂၀၁၈ မေလ ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မယ့် သူတို့ရဲ့ လက်ထပ်ပွဲကို ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ နဲ့ လေဘာပါတီခေါင်းဆောင် ဂျရမီကော်ဘင်တို့ကို ဖိတ်ကြားခြင်း မပြုခဲ့ပါဘူးလို့ သိရပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ တရားဝင် မကြေငြာသေးပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတော့ ဖိတ်ကြားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဆုံးဖြတ်ချက်ဟာ လက်ထပ်မယ့် ဘုရားကျောင်းရဲ့ အရွယ်အစားပေါ်မူတည်ပြီး မင်းသား ဟယ်ရီရဲ့ သဘောထားပဲဖြစ်ပါတယ်။ ဒါဟာ မင်းသားရဲ့ မိတ်ဆွေတွေဖြစ်တဲ့ အမေရိကန်သမ္မတဟောင်း ဘားရက်ခ် အိုဘားမားနဲ့ မီချယ်လ် အိုဘားမားတို့ကိုလည်း မဖိတ်ထားဘူးဆိုတာကို သေချာစေခဲ့ပါတယ်။

မန်ချက်စတာ အကြမ်းဖက်တိုက်ခိုက်ခံရမှုမှ ဒဏ်ရာရရှိခဲ့တဲ့ ၁၂ အရွယ် မိန်းကလေးဟာ မင်းသား ဟယ်ရီတို့ မင်္ဂလာဆောင်မယ့် ဝင်ဆာရဲတိုက်ရဲ့ တက်ရောက်ဖို့ ဖိတ်ခေါ်ခံရသူ လူပေါင်း ၁၂၀၀ ထဲမှာ ပါဝင်ခဲ့ပါတယ်။ သူမ (အမ်မလီယာ သွန်ပ်ဆင်)ဟာ ၂၀၁၇ မေလ ၂၂ ရက်နေ့ည မန်ချက်စတာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အမေရိကန် ပေါ့ပ်အဆိုတော် အရီယာနာ ဂရန်ဒီ ရဲ့ ဖျော်ဖြေပွဲမှာ ဗုံးပေါက်ကွဲမှုကို မျက်မြင်တွေ့ခဲ့ရပြီး ထိတ်လန့်စွာ အော်ဟစ်ရာမှ သူမရဲ့ အသံပျက်စီးခဲ့ရသူ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်နဲ့ နီးစပ်တဲ့သူတွေကို ဖိတ်ကြားမှာ ဖြစ်ပေမယ့် နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ပတ်သက်သူတွေ အတွက်တော့ ဖိတ်ကြားမလားဆိုတာ တရားဝင် မသိရသေးပါဘူးလို့ ကင်ဆန်တန်နန်းတော် ဘက်က ပြောပါတယ်။

၂၀၁၁ ခုနှစ်က မင်းသား ဝီလျံနဲ့ ကတ်သရင်းတို့ရဲ့ မင်္ဂလာဆောင် ဖိတ်ကြားခဲ့တဲ့ လူစာရင်းလို ဘာသာရေးခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာမှ တော်ဝင်မိသားစုတွေ နဲ့ နိုင်ငံတကာက နိုင်ငံရေးအသိုင်းအဝိုင်းတို့ ပါဝင်မှုနဲ့တော့ တော်တော်လေး ကွာခြားနေပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်း၊ ဒုတိယဝန်ကြီးချုပ် နစ်ကလက်နဲ့ အလုပ်သမားရေးရာခေါင်းဆောင် အက်ဒ် မီလီဘန်းတို့ဟာ မင်းသား ဝီလျံနဲ့ ကတ်သရင်း မစ်လီတွန်တို့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြဖူးပါတယ်။

အမေရိကန်သမ္မတ ဘားရက် အိုဘားမားဟာ ဖိတ်ကြားခံရတဲ့ ဧည့်သည်စာရင်းမှာ မပါပေမဲ့ ဓနအင်အားကြွယ်ဝတဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဩစတေးလျ ဝန်ကြီးချုပ်ဟောင်း ဂျူလီယာဂေးလဒ်နဲ့ နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း ဂျွန်ကီးတို့ကိုတော့ မင်္ဂလာပွဲတက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

မင်းသားဟယ်ရီရဲ့ မင်္ဂလာပွဲဟာ အလွန်ကွဲပြားခြားနားပြီး အတော်လည်း သေးငယ်ကာ အစောပိုင်းဆုံးဖြတ်ချက်တွေမှာ အများနဲ့ သက်ဆိုင်တဲ့သူတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဖိတ်ကြားခံရသူတွေထဲမှာ မူလတန်းကျောင်းဆရာ ဒေးဗစ် ဂရီဂိုရီ အပြင် နားမကြားသူများအတွက် လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒါဘီမြို့မှ ရူဘင် လင်သာလန် ၁၄ လည်း ဖိတ်ကြားခံခဲ့ရပါတယ်။

Ref: BBC News

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top