Amazon ရဲ့စီအီးအိုရာထူးကနေ ဂျက်ဖ် ဘေးဇို့စ် နှုတ်ထွက်တော့မယ်

2-2-2021-yyl25.jpg

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျက်ဖ် ဘေးဇို့စ်ဟာ Amazonရဲ့စီအီးအိုရာထူးကနေ နှုတ်ထွက်တော့မယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။ ဂျက်ဖ် ဘေးဇို့စ်က စီအီးအိုရာထူးကနေ အလုပ်အမှုဆောင်ဥက္ကဌအဖြစ်တာဝန်ယူသွားမှာဖြစ်ပါတယ်။ အခုလို စီအီးအိုရာထူးကနေ နှုတ်ထွက်လိုက်ခြင်းက အခြားပရောဂျက်တွေအာရုံစိုက်ဖို့ အချိန်ပိုရသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Amazon ရဲ့စီအီးအိုရာထူးကို အန်တီ ဂျက်ဆီ (Andy Jassy) က တာဝန်ယူသွားမှာဖြစ်ပါတယ်။ ဂျက်ဖ် ဘေးဇို့စ်က “ အလုပ်အမှုဆောင်ဥက္ကဌတာဝန်မှာတော့ ကျွန်တော်ဟာ ထုတ်ကုန်အသစ်တွေနဲ့ ကနေဦးအစီအစဉ်တွေအတွက် အားစိုက်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။ အန်ဒီဟာ ကုမ္ပဏီအတွင်းမှာ လူသိများပြီး Amazon မှာ ကျွန်တော်ရှိနေတဲ့ကာလတစ်လျှောက်မှာ ရှိနေပေးခဲ့တာပါ။ သူ့ကို ကျွန်တော် အပြည့်အဝယုံကြည်စိတ်ချပါတယ်” လို့ ဝန်ထမ်းတွေကို ပြောကြားခဲ့ပါတယ်။

ဂျက်ဖ် ဘေးဇို့စ်က Amazon ကို ၁၉၉၄ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ၂၇ နှစ်ကြာ ခေါင်းဆောင်တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဒါ့အပြင် Amazon ကို ကမ္ဘာ့အကြီးဆုံး E-Commerce လုပ်ငန်းကြီးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၂၁ခုနှစ်နောက်ပိုင်းမှာ စီအီးအိုရာထူးကနေ နှုတ်ထွက်မှာဖြစ်ပါတယ်။

Ref: Ladbible “Jeff Bezos Is Stepping Down As CEO Of Amazon”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top