လာအိုရေကာတာ ပြိုကျမှု သေဆုံးမှုများနိုင်

102674356_5a524acc-84ea-42c3-9b4b-a4a01a8f0a37.jpg

လာအိုရေကာတာ ပြိုကျမှုမှ သေဆုံးသူဦးရေဟာ အစိုးရက တရားဝင်ထုတ်ပြန်တဲ့ သေဆုံးသူဦးရေ ၂၇ ဦးထက် ပိုမိုများနိုင်ခဲ့ကြောင်း ဒေသခံတွေနဲ့ အကူညီပေးရေးအေဂျင်စီတွေက ပြောပါတယ်။ အစိုးရဟာ အကူညီပေးရေး အစီစဉ်တွေနဲ့ ပတ်သက်လို့အနည်းငယ်သာ သတင်းထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားမီဒီယာတွေကိုလည်း သတင်းယူမှု ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

အက်ပူအာမြို့ဆေးရုံအတွင်း လူဒါဇင်နဲ့ချီ တက်ရောက်မှုတွေ ရှိနေပါတယ်။ ရေကာတာ ပြိုကျပြီးနောက် ရေတွေဟာ အနီးပတ်ဝန်းကျင်က ရွာတွေထဲ စီးဝင်လာခဲ့ရာ ရွာတွေ ရေနစ်မြှပ်ခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါရေကာတာဟာ Xe-Pian Xe-Namnoy ရေအားလျှပ်စစ်စီမံကိန်း အစိတ်အပိုင်းအဖြစ် ပါဝင်နေပါတယ်။ ဒေသခံတစ်ဦးက “ရေနစ်မြှပ်မှု ဖြစ်ပွားချိန်မှာ ၁ နှစ်အရွယ်သမီးကိုခေါ်ပြီး လှေနဲ့ထွက်ပြေးဖို့ ုလုပ်ခဲ့ပေမယ့် လူချင်းကွဲခဲ့ရတယ်။ လက်ရှိအချိန်အထိ ကျွန်တော်ရဲ့ သမီးကို ရှာလိုမရသေးဘူး” လို့ပြောခဲ့ပါတယ်။ အဆိုပါရေကာတာ ကို ထိုင်း၊ လာအိုနဲ့ တောင်ကိုရီးယားကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ခဲ့တာဖြစ်ပြီး လူအမှားထက် သဘာဝဘေး အခြေနေကြောင့် ပိုမိုဆိုးရွားခဲ့တယ်လို့ လာအိုအာဏာပိုင်တွေက ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ လာအိုအစိုးရဟာ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့် သတင်းထုတ်ပြန်မှုပိုင်း အနည်းငယ်သာ လုပ်ခဲ့တယ်လို့သိရပါတယ်။ ရေနစ်မြှပ်မှုတွေကြောင့် လူတွေအပြင် အိမ်မွေးတိရိစ္ဆာန်တွေဖြစ်တဲ့ နွားတွေ၊ ဝက်တွေလည်း သေဆုံးခဲ့ပါတယ်။ ရေနစ်မြုပ်မှုကလွတ်အောင် ရွာသားအချို့ဟာ အိမ်ခေါင်းမိုးပေါ်ကို တက်နေရပြီး ရဟတ်ယာဉ်၊လှေတွေအသုံးပြုကာ ရေနစ်မြုပ်နေတဲ့ ရွာတွေက လူတွေကို ကယ်တင်မှုတွေ လုပ်နေပါတယ်။ လာအို နိုင်ငံဟာ အိမ်နိးချင်းနိုင်ငံတွေဆီ လျှပ်စစ်ဓါတ်အားပြန်ရောင်းချဖို့ ဆန္ဒရှိနေတာကြောင့် နိုင်ငံအတွင်း ရေအားလျှပ်စစ်စီမံကိန်းတွေကို လုပ်ဆောင်ခဲ့တာလို့ သုံးသပ်မှုတွေရှိနေပါတယ်။

Ref: BBC Laos dam collapse: Survivors and NGOs query official toll

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top