ဝူရှားမိုက်ခရိုဇာတ်လမ်းတွဲ ၂ ခုမှာ ပါဝင်ထားတဲ့ မင်းသားကြီး ဂျက်လီ

jet.jpg

ဧပြီလကုန်မှာ အသက် ၆၃ နှစ်ပြည့်တော့မယ့် မင်းသားကြီးဂျက်လီဟာ မကြာခင်ထွက်ရှိတော့မယ့် ဝူရှားမိုက်ခရိုဇာတ်လမ်းတွဲ ၂ ခုမှာ ပါဝင်ထားပါတယ်။

သူက ရုပ်ရှင်ကားကြီးတစ်ကား၊ ဝက်ဘ်ဒရာမာ၊ ရုပ်သံဇာတ်လမ်းတွဲ၊ မိုက်ခရိုဇာတ်လမ်းတွေပဲဖြစ်ဖြစ် ဇာတ်ခုံအရွယ်အစားက အရေးမကြီးဘူး။ လူတွေကို ပိုပြီး သူတို့ရဲ့အိပ်မက်တွေဖြည့်ပေးတဲ့ ကောင်းမွန်တဲ့ ပလက်ဖောင်းတစ်ခုပါပဲလို့ မိုက်ခရိုဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး မတ်လ ၃၁ ရက်နေ့က ပွဲမှာ ပြောကြားခဲ့ပါတယ်။

ဂျက်လီက Yuan Li Jiang Hu နဲ့ Jian Gui မိုက်ခရိုဇာတ်လမ်းတွဲ ၂ ခုမှာ ပါဝင်ထားတယ်ဆိုတာကိုလည်း အဲ့ဒီပွဲမှာ ပြောကြားခဲ့တာပါ။ ဧပြီလထဲ ထွက်ရှိမယ့် Yuan Li Jiang Hu ဇာတ်လမ်းတွဲက မမျှော်လင့်ဘဲ စူပါအစွမ်းတွေရရှိလာခဲ့တဲ့ အနှိပ်ကုထုံးဆရာ ချန်ယဲအကြောင်း အဓိကထားရိုက်ကူးထားတာပါ။ ချန်ယဲက သူ့ရဲ့စွမ်းအားအသစ်တွေကို သုံးပြီး သံသယဖြစ်ဖွယ် ကိုယ်ခံပညာအဖွဲ့အစည်းတစ်ခုရဲ့နောက်ကွယ်က ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်ဖို့ အမွေဆက်ခံသူ ယင်ချင်လီနဲ့ ပူးပေါင်းခဲ့ပါတယ်။

ဂျက်လီက ချန်ယဲကို ကိုယ်ခံပညာလေ့ကျင့်မှုနဲ့ ဝိညာဉ်ရေးရာလမ်းညွှန်မှုပေးတဲ့ ဖန်ဇီအမည်ရှိ ဇာတ်ကောင်တစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။

ဂျက်လီက လူငယ်မျိုးဆက်သစ်တွေ နားလည်မယ့် ကွန်ဖူးမိုက်ခရိုဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ချင်တဲ့ အိပ်မက်ရှိခဲ့ပြီး ဒါက ယဉ်ကျေးမှုကို မျှဝေဖို့ရာ ကောင်းမွန်တဲ့နည်းလမ်းဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ မိုက်ခရိုဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တဲ့မင်းသား/သမီးတွေကို အရင်က မိုက်ခရိုဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းတို့အတွက် မင်းတို့က ငါ့ရဲ့စီနီယာတွေပါ။ မိုက်ခရိုဇာတ်လမ်းတွဲမှာ မင်းတို့ ပထမဆုံးအကြိမ်သရုပ်ဆောင်ဖူးတာဆိုရင် ငါတို့အတူ သင်ယူကြမယ်လို့ ဆိုပါတယ်။

Jian Gui ဇာတ်လမ်းတွဲကတော့ ဂိုဏ်းကို ရန်သူ Black Wing မျိုးနွယ်စုက တိုက်ခိုက်လို့ ထွက်ပြေးပြီး ချင်ရှီမြို့မှာ သီးသန့်နေထိုင်တဲ့ Wudang ဂိုဏ်းရဲ့ ဓားပညာရှင် ချန်စန်းချီအကြောင်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ဂျက်လီက ဘယ်ဇာတ်ရုပ်ကို သရုပ်ဆောင်ထားလဲမသိရပါဘူး။ ဧပြီလထဲမှာပဲ ထွက်ရှိဖို့ မျှော်လင့်ရပါတယ်။

Ref: Jet Li starring in 2 upcoming wuxia microdramas

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top