လေဆင်နှာမောင်းတိုက်ချိန်မှာ လွင့်ပါသွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာမရှိဘဲ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ၄ လသား ကလေးငယ်

18.12.23-yyl-6.jpg

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် တစ်အိမ်လုံး ပြိုကျပျက်စီးခဲ့ပေမဲ့ ၄ လသားအရွယ် ကလေးငယ်ကတော့ ထိခိုက်ဒဏ်ရာ လုံးဝမရဘဲ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ တင်နက်ဆီပြည်နယ်၊ ကလက်စ်ဗီးမြို့မှာ နေထိုင်သူ အမျိုးသမီး ဆစ်ဒနေမိုးရဲ့ ရွေ့လျားနေအိမ်ဟာ လေဆင်နှာမောင်းကြောင့် ရစရာမရှိအောင် ပျက်စီးသွားခဲ့တာပါ။

လေဆင်နှာမောင်း တိုက်ခတ်ချိန်မှာ ၄ လသားအရွယ် သားဖြစ်သူ လော့ဒ်ကို ထည့်ထားတဲ့ ပုခက် မျောပါသွားခဲ့တာပါ။ ဆစ်ဒနီမိုးအနေနဲ့လည်း သားငယ် လော့ဒ်ကို လိုက်ရှာနေဖို့ အချိန်မရခဲ့ပါဘူး။ နေအိမ်နံရံ ပြိုကျလာချိန်မှာ ၁ နှစ်သားအရွယ် သားငယ်ကို မထိခိုက်အောင် ဆစ်ဒနီမိုးက သူ့ခန္ဓာကိုယ်ကို စီးမိုးကာကွယ်ပေးခဲ့ပါတယ်။

၄ လသားအရွယ် သားငယ် လော့ဒ်ကို အသက်ရှင်လျက် ပြန်တွေ့ရတော့မှာမဟုတ်ဘူးလို့ ဆစ်ဒနီမိုးက မှတ်ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ဆန်းကျယ်တဲ့ ကံတရားရဲ့ ဖေးမမှုကြောင့် လော့ဒ်ရဲ့ပုခက်ဟာ လဲကျနေတဲ့ သစ်ပင်ဂွကြားအောက် ရောက်သွားခဲ့ပြီး အထိအခိုက် လုံးဝမရှိခဲ့ပါဘူး။

သူတို့မိသားစု သတင်းက ပျံနှံ့သွားခဲ့ပြီး ဆစ်ဒနီမိုးရဲ့ အစ်မ ကိုက်တလင်းက GoFundMe ကနေ ရန်ပုံငွေ ရှာဖွေခဲ့ရာမှာ အလှူငွေ အမေရိကန်ဒေါ်လာ ၆၈၀၀၀ အထိ ရရှိခဲ့တာကြောင့် ပျက်စီးသွားတဲ့ နေအိမ်ကို ပြန်လည်ပြင်ဆင်နိုင်တော့မှာဖြစ်ပြီး အိမ်သုံးပရိဘောဂတွေပါ ပြန်လည်ဝယ်ယူနိုင်တော့မှာပါ။

Ref: 4-month-old Baby Sucked Up into Tornado is Found Asleep and Unharmed in a ‘Cradle’ of Fallen Tree Limbs

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top