(ယနေ့အထိ CSR အစီအစဉ်မှတစ်ဆင့် အမျိုးမျိုးသော ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်း ကဏ္ဍများမှတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ လူငယ် ၂၀၀,၀၀၀ ကျော် ကို အထောက်အပံ့ပြုနိုင်ခဲ့)
စစ်မှန်သောပြည်တွင်းဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော MPT သည် သုံးစွဲသူများအား ထူးခြားဆန်းသစ်သောဝန်ဆောင်မှုများပေးအပ်နေသည့်အပြင် လူမှုအသိုက်အဝန်းသို့ နည်းလမ်းမျိုးစုံဖြင့် တက်ကြွစွာ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံအတွင်းရှိ ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်း စသည့် အဓိကမဏ္ဍိုင်ကြီးသုံးရပ်အပေါ် အခြေခံကာ လူမှုအကျိုးပြုလုပ်ငန်းများ (CSR) ကို လူငယ်များသို့ အထောက်အပံ့ပြုကာ တစိုက်မတ်မတ် ဦးတည် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် CSR E-Learning အစီအစဉ်၊ ကျန်းမာရေးပညာပေး အစီအစဉ်၊ နိုင်ငံတစ်ဝန်းစုပေါင်းသွေးလှူဒါန်းမှုအစီအစဥ်များ၊ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အမည်ဖြင့် နိုင်ငံတစ်ဝန်းစုပေါင်း သစ်ပင်စိုက်ပျိုးခြင်းအစီအစဥ်များ နှင့် ၂၀၂၄ ခုနှစ်အတွင်းကြုံတွေ့ခဲ့ရသော ရာဂိ (Yagi) မုန်တိုင်း ပြန်လည် ထူထောင်ရေး ကြိုးပမ်းမှုများ အပါအဝင် ကဏ္ဍအသီးသီးတွင် ထိရောက်သော ပံ့ပိုးကူညီမှုများကိုပြုလုပ်ခဲ့ပါသည်။
ဒီဂျစ်တယ်နည်းလမ်းကိုမြင့်တင်ပြီး ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
လူမှုအသိုက်အဝန်းသို့ ဒီဂျစ်တယ်နည်းပညာဖြင့်စွမ်းဆောင်ရည်မြှင့်တင်ရန် မျှော်မှန်းချက်နှင့်အညီ MPT သည် လူတိုင်းလက်လှမ်းမီနိုင်သည့် အခမဲ့ဒီဂျစ်တယ်ပလက်ဖောင်းများမှတစ်ဆင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို အဓိကပံ့ပိုးပေးနိုင်သည့် လူမှုအကျိုးပြုလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ခဲ့ပါသည်။ ပညာရေးကဏ္ဍနှင့် ဆိုင်သော ကတိကဝတ်များကို မြှင့်တင်ရန်အတွက် နာမည်ရ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အခမဲ့ ပညာရေးပလက်ဖောင်းကို ၂၀၂၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပါသည်။ MPT သည် ပညာလေ့လာသင်ကြားရေးတွင် အခက်အခဲ၊ အတားအဆီးများကို လျှော့ချရန်အားထုတ်ခြင်းနှင့်အတူ တစ်ဦိးချင်းနှင့် လူမှုဝန်ကျင်တိုးတက်စေရေး တို့အတွက် အသိပညာဗဟုသုတနှင့် အရည်အသွေးများရရှိစေရန်ရည်ရွယ်၍ တွန်းအားပေး ဆောင်ရွက်လျက် ရှိပါသည်။ MPT အသုံးပြုသူတိုင်း ကုန်ကျစရိတ်အခမဲ့ဖြင့် ဝင်ရောက်စာရင်းသွင်းလေ့လာနိုင်သော သင်ကြားရေး အစီအစဥ်တစ်ခုဖြစ်သော MPT ၏ အခမဲ့ပညာရေး ပလက်ဖောင်းဖြစ်သည့် https://csrelearning.mpt.com.mm/ မှတစ်ဆင့် နည်းပညာ၊ အသက်မွေးဝမ်းကြောင်း၊ မိုဘိုင်းဖုန်းနှင့် ဆော့ဖ်ဝဲ နည်းပညာအပါအဝင် ဘာသာစကား တို့ကဲ့သို့သော လိုအပ်သောကျွမ်းကျင်မှု အရည်အသွေးများကို ယနေ့အထိ သင်တန်းသား/သူပေါင်း (၁,၆၀၀) ကျော် အတွက် ပေးအပ်နိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းသို့ အရေးကြီးသောကျန်းမာရေး အသိပညာဗဟုသုတများ ဖြန့်ဝေ ပေးနိုင်ရန်၊ တန်ဖိုးရှိသော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ရရှိနိုင်စေရန် အရောက်အပေါက် နည်းပါးလှသည့် လူမှုအဖွဲ့အစည်းများအထိ ရောက်ရှိအောင်ပင်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်တွင် နာမည်ကြီးသည့် ကျန်းမာရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော အာယု အင်တာနေရှင်နယ်ဆေးရုံကြီးနှင့် ပန်းလှိုင်ဆေးရုံကြီးတို့နှင့် ပူးပေါင်းကာ လိုတရ ဒေတာအခမဲ့ ဝက်ဘ်ဆိုက်တွင် ကျန်းမာရေးအသိပညာပေးဗီဒီယိုများကို စတင်ထုတ်လွှင့်ခဲ့ပါသည်။ လိုတရဒေတာအခမဲ့ ဝက်ဘ်ဆိုက်လင့်ခ် https://lotaya.mpt.com.mm/service/healtheducation နှင့် သက်ဆိုင်ရာ လူမှုကွန်ရက် မီဒီယာချန်နယ် များတွင် ကျန်းမာရေးအသိပညာပေးဗီဒီယိုစုစု ပေါင်း (၁၇) ခုအထိ ဆောင်ရွက်ပေးထားပြီးလည်းဖြစ်ပါသည်။
ပိုမိုကျယ်ပြန့်သည့် လူမှုအကျိုးပြုလှုပ်ရှားမှုများမှတစ်ဆင့် အကျိုးရလဒ်တိုးတက်စေခြင်း
ဒီဂျစ်တယ် လူမှုအကျိုးပြု အစီအစဉ်များအပြင် MPT သည် လူမှုအသိုက်အဝန်း၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးသည့် လူမှုအသိုက်အဝန်းကို ဦးတည်သော လှုပ်ရှားမှုများကို ဆောင်ရွက်သွားမည်ဟု ကတိပြုထားပါသည်။
နိုင်ငံတစ်ဝန်း သွေးလှူဒါန်းခြင်း လှုပ်ရှားမှု- လူ့အသက်ကယ်သည့် သွေးလှူဒါန်းခြင်းလှုပ်ရှားမှုများကို ပံ့ပိုး ကူညီရန် ဝန်ထမ်းများ၊ သုံးစွဲသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများပါဝင်သည့် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို အားထုတ် ဆောင်ရွက်ခဲ့ပြီး MPT သည် (၈) နှစ်တာကာလအတွင်း စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုအစီအစဉ်မှ တစ်ဆင့် သွေးအိတ်ပေါင်း (၁၂,၀၀၀) ကျော် ပံ့ပိုး ကူညီလှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။
နိုင်ငံတစ်ဝန်း စုပေါင်း သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုအစီအစဉ်- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လှုပ်ရှားမှု တစ်ခုဖြစ်ပြီး MPT သည် (၇) နှစ်တာကာလအတွင်း ပျိုးပင်ပေါင်း (၂၀,၀၀၀) နီးပါးကို နိုင်ငံတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အသိပညာပေးမှုကို မြှင့်တင်ပေးခဲ့ပါသည်။
သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ ပံ့ပိုးကူညီမှု- စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရာဂီ (Yagi) မုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် MPT သည် ရေဘေးသင့် ပြည်သူများအတွက် လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်ခဲ့ကာ တက်ကြွစွာ ပံ့ပိုးကူညီခဲ့ပါသည်။ MPT သည် အရေးပေါ်အခြေအနေများအတွင်း အစားအသောက်၊ အဝတ်အထည်၊ ဆေးဝါးနှင့် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးခြင်းအပြင် ချိတ်ဆက်မှုသေချာစေရန်အတွက် MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့်နဲ့ စာတိုပေးပို့ခွင့် အစရှိသည့် အရေးပေါ်လိုအပ်သော ထောက်ပံ့မှုများကို ပြုလုပ်ပေးခဲ့ပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki Shimane က “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းက ဦးဆောင်ဆက်သွယ်ရေး အော်ပရေတစ်ခုဖြစ်တာနဲ့အညီ လူမှုအကျိုးပြုလုပ်ငန်း လှုပ်ရှားမှုတွေကတစ်ဆင့် ရှေရှည်မှာ အကျိုးသက်ရောက်မှုရှိစေမယ့် ဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားဖို့ ကတိထားဆောင်ရွက်နေပါတယ်။ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍတွေမှာ တစ်ဦး တစ်ယောက်ချင်းစီကို အခွင့်အလမ်းတွေပေးဖို့နဲ့ လူမှုအသိုက်အဝန်းတိုးတက်စေဖို့အတွက် ဒီဂျစ်တယ် နည်းပညာကို အသုံးပြုပြီး အတားအဆီးတွေကို ကျော်ဖြတ်သွားစေမှာပါ။ သဘာဝဘေးအန္တရာယ် လျော့ပါးစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ကျန်းမာရေးကဏ္ဍတို့မှာ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ဖို့ကြိုးစားဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း လူမှုအကျိုးပြုလှုပ်ရှားမှု ကဏ္ဍမှာ မြန်မာကျပ်ငွေ ၂၆ ဘီလီယံကျော် အသုံးပြုခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းငယ် ကဏ္ဍတွေမှာ နိုင်ငံတစ်ဝန်းက လူငယ် (၂) သိန်းကျော်ကို အထောက်အပံ့ပြု ဆောင်ရွက်ပေးအပ်နိုင်ခဲ့ပြီး ကျွန်တော်တို့နဲ့ အတူတူ ဝန်ဆောင်မှုပေးနေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ၊ လူမှုအသိုက်အဝန်းတွေနဲ့ အတူတကွပူးပေါင်းပြီး ဒီခရီးကို ဆက်လက်လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေ၊ မိတ်ဖက် အဖွဲ့အစည်းတွေရဲ့ မယိမ်းယိုင်တဲ့ ပံ့ပိုးပေးမှုနဲ့ ယုံကြည်မှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ အားလုံးပဲ နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း၊ အောင်မြင်မှုတွေနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
၂၀၂၅ ခုနှစ်တွင်လည်း MPT အနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်များ ပိုမိုကောင်းမွန်စေရေးတွင် အဓိကကျသည့် လူငယ်များအတွက် မရှိမဖြစ် လိုအပ်သော စွမ်းရည်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် လိုအပ်သော ထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လူငယ်များအတွက် အောင်မြင်မှု ရရှိရန် လိုအပ်သော အရင်းအမြစ်များနှင့် အခွင့်အရေးများ ရရှိနိုင်ရေး တတ်စွမ်းသမျှ ထောက်ပံ့ပေးအပ် သွားမည့်အပြင် တစ်ချိန်ထဲတွင် မြန်မာ့ယဥ်ကျေးမှု ဓလေ့ရိုးရာနှင့် ထုံးတမ်းစဉ်လာများကို ဆက်လက်တန်ဖိုးထား ထိန်းသိမ်းသွားမည် ဖြစ်ပါသည်။
MPT ၏ တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်သည့် အချက်လက်များကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး MPT၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
Team (ရိုးရာလေး)