ညဘက် လေ့ကျင့်ခန်းလုပ်တဲ့အတွက် သင့်ဘဝကို ပြောင်းလဲစေမဲ့ အကြောင်းရင်း ၅ ချက်

smiling-young-woman-in-a-gym-weightlifting-class-NA5RD9Q.jpg

နေထွက်ချိန်မှာ လိုက်ကာကို ဖြတ်ပြီး ကျနေတဲ့ အလင်းရောင်က တတ်နိုင်သလောက် ဟန့်တားချင်တဲ့ အရာဖြစ်ပါတယ်။ အလုပ်မသွားခင် မနက်မှာ ကျွန်မတို့ထလိုက်ဖို့ အလေးကွေးဆုံးကတော့ ကျွန်မတို့ရဲ့ ခေါင်းအုံးဆီကပါပဲ။

ကျွန်မတို့ဟာ မနက်မှာ လေ့ကျင့်ခန်း လုပ်တာ ကောင်းတယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အမှန်တကယ် ညဘက်မှာ လေ့ကျင့်ခန်းလုပ်သင့်တဲ့ အကြောင်းပြချက် အများကြီး ရှိပါတယ်။ အဲဒါတွေကတော့ –

ပိုပြီး ကောင်းကောင်းအိပ်ပျော်နိုင်ပါတယ်

မနက်နဲ့ နေ့လည်ထက် ညနေဘက်မှာ အလေးမတဲ့သူတွေဟာ ပိုအိပ်ပျော်တဲ့ အရည်အသွေးရှိတယ်လို့ လေ့လာမှု အမြောက်အများက ပြခဲ့ပါတယ်။ ဒါကြောင့် အမှန်တကယ် ညဘက် အိပ်ပျော်အောင် အကူအညီဖြစ်မှာပါ။ အနားယူတာဟာ ကြွက်သား ကြီးထွားမှုနဲ့ နာလန်ထူမှု အတွက် အရေးကြီးတာသာမက အိပ်ပျော်စေပြီးတော့ မနက်မှာ အပြည့်အဝ ခံစားရတာ ကောင်းစေပါတယ်။ သင့်ကို ပိုပျော်ရွှင်ပြီးတော့ တစ်နေ့တာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်စေမှာပါ။

ပိုကောင်းတဲ့ လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါတယ်

သင့်ကို ကောင်းကောင်းအိပ်ပျော်အောင် ကူညီဖို့အပြင်၊ ညနေမှာ လေ့ကျင့်ခန်းလုပ်တာက သိသိသာသာ ပိုပြီး ကြွက်သားဖွံ့ဖြိုးလာပြီး ခံနိုင်ရည်ပိုရှိပါတယ်။

သွေးပေါင်ချိန်ကျနိုင်ပါတယ်

ညဘက် လေ့ကျင့်ခန်းလုပ်တဲ့လူတွေက မနက် လေ့ကျင့်ခန်းလုပ်တဲ့ လူတွေထက် ပိုပြီး ၁၅ ရာခိုင်နှုန်း သွေးပေါင်ချိန်ပိုကျစေပါတယ်။

ရလဒ်ကောင်းကောင်းတွေ ရရှိနိုင်ပါတယ်

ညနေဘက် လေ့ကျင့်ခန်းလုပ်တဲ့သူတွေက ၂၀ ရာခိုင်နှုန်း ပိုအသက်ရှည်ရှည်နေနိုင်ပါတယ်။ ညဘက် လေ့ကျင့်ခန်းလုပ်တဲ့အတွက် ကယ်လိုရီပိုပြီး လောင်ကျွမ်းနိုင်ပြီးတော့ အကျိုးကျေးဇူးအနေနဲ့ လက်မောင်းကို ပိုကျစ်လစ်စေတယ်။ ခြေထောက်တွေကို သန်မာစေပြီး ပိုကျန်းမာတဲ့ ဘဝကို ရရှိနိုင်ပါတယ်။

သင့်ခန္ဓာကိုယ်ဟာ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်သင့်ဖြစ်နေမှာပါ

သုတေသနတွေအရ မနက်ခင်းမှာ ကြွက်သား ကြီးထွားမှုကို အဟန့်အတားဖြစ်စေတဲ့ ကော်တီဆိုးလ် (cortisol) အဆင့်ဟာ ပိုပြီးမြင့်တတ်ပါတယ်။ ဒါပေမဲ့ ညနေခင်းမှာ ကြွက်သား ကြီးထွားမှုကို မြန်ဆန်စေတဲ့ တက်စ်တိုစ်တီရုန်း (testosterone) အဆင့်ကို ပိုမြင့်တက်စေပါတယ်။ ဒါကြောင့် ဒုတိယနည်းလမ်းက လိုချင်တဲ့ ရလဒ်ကို မြန်မြန်ရနိုင်တဲ့ ပိုကောင်းတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ဒီလို ညဘက်လေ့ကျင့်ခန်းလုပ်တဲ့ အတွက် ရလာမယ့် အံ့ဩဖွယ် အကျိုးကျေးဇူးတွေနဲ့အတူ ကြိုးစားကြည့်ဖို့ အဆင်သင့် ဖြစ်နေလောက်ပြီလို့ ထင်ပါတယ်။ လုပ်နေကျလမ်းစဉ်ကို ပြောင်းလဲပြီးတော့ ဘယ်လောက် ပိုပြီး ကောင်းကောင်းအိပ်ပျော်မလဲ၊ သင့်ရဲ့ ကြံ့ခိုင်ရေး ရည်မှန်းချက်ကို တိုးမြှင့်ပေးနိုင်မလဲဆိုတာ ကြည့်လိုက်ပါ။ ဒါဟာ သင့်ဘဝကိုပါ ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။

Ref: Popsugar.com

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top