ရိုးရာလေးရဲ့ နှစ်သစ်ဆုမွန်ကောင်း

newyearwish.jpg

မြန်မာနှစ်သစ်ကူးကာလပြီးဆုံးလို့ နှစ်ဆန်းတစ်ရက်နေ့တိုင်းမှာ ဗုဒ္ဓဘာသာဝင်တို့ဟာ ရိုးရာဓလေ့အတိုင်း ဘုရားသွားကျောင်းတက်ပြီး ဥပုသ်သီလဆောက်တည်၊ ကုသိုလ်ကောင်းမှုပြုလုပ် ပြုလုပ်လေ့ရှိကြပါတယ်။

ရန်ကုန်မြို့မှာလည်း တန်ခိုးကြီးဘုရားတွေကို ဘုရားဖူးများသွားရောက်လို့ ကုသိုလ်ကောင်းမှုပြုလုပ်ကြသလို နှစ်ဆန်းတစ်ရက်နေ့ အစဉ်အလာအတိုင်း ငါးလွှတ်ပွဲများ၊ ငှက်လွှတ်ပွဲများ၊ စတုဒီတာကျွေးပွဲများနဲ့ စည်ကားလျက်ရှိနေပါတယ်။

ခုလို နှစ်ဆန်းတစ်ရက်နေ့မှာ တစ်နှစ်ပတ်လုံး ကံဇာတာကောင်းမွန်စေဖို့ ရည်ရွယ်ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကြတဲ့အပြင် ဒီနေ့မျိုးမှာ ခိုက်ရန်ဖြစ်ပွားတာ၊ ပိုက်ဆံချေးငှားတာ၊ ငိုယိုတာ၊ ဈေးဝယ်တာမျိုးတွေ မဖြစ်အောင်လည်း မြန်မာ့ရိုးရာယုံကြည်မှုအရ ရှောင်ကျဉ်လေ့ ရှိကြပါတယ်။

ဘေးအန္တရာယ်တွေ ကင်းဝေးစေဖို့၊ မကောင်းတဲ့ စိတ်ဓာတ်တွေကို ဖယ်ရှားပြီး စိတ်ဓာတ်ကောင်းတွေ မွေးမြူကြစေဖို့၊ မင်္ဂလာတရားတော်တွေ ထွန်းကားပြန့်ပွားစေဖို့ စသဖြင့် ရည်ရွယ်ပြီး နှစ်ဆန်း(၁)ရက်နေ့ကို မင်္ဂလာအခါတော်နေ့အဖြစ်လည်း သတ်မှတ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်အားလုံးပဲ နှစ်သစ်မှာ ဘေးအန္တရာယ်ကင်းဝေးကြပြီး စီးပွားဥစ္စာတွေ တိုးပွားကြပါစေလို့ ရိုးရာလေးက နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်…

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top