Facebookကို အမြစ်ပြတ် ချေမှုန်းလိုသူ အယ်လွန်မက်စ်

fb-mask.jpg

ဒီအပတ်အစောပိုင်းရက်တွေတုန်းက အယ်လွန်မက်စ် (Elon Musk) ဟာ သူ့ရဲ့ တရားဝင် Facebookစာမျက်နှာတွေ ဖြစ်တဲ့ SpaceX နဲ့ Tesla စာမျက်နှာတွေကို ဖျက်ပစ်လိုက်တာကြောင့် သူ့အကြောင်းတွေဟာ ကမ္ဘာ့ သတင်းစာ၊ ဂျာနယ်များရဲ့ ခေါင်းကြီးပိုင်းသတင်းများအဖြစ် ဖော်ပြခံခဲ့ရပါတယ်။

ဒီလိုလုပ်ဆောင်ရခြင်းဟာ နိုင်ငံရေး အကြောင်းရင်းတွေကြောင့် မဟုတ်ကြောင်းနဲ့ Facebook ဟာ သူ့ကို အဆင်မပြေကြောက်ရွံ့မှုတွေကို ပေးနေတာကြောင့် လုပ်ဆောင်တာပါလို့ မက်စ်က ရှင်းလင်းချက်ထုတ်ပါတယ်။

ကုမ္ပဏီရဲ့ရှယ်ယာအားလုံးကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး Social media ပလက်ဖောင်းရဲ့ တစ်ဦးတည်းသော ပိုင်ရှင် ဖြစ်စေဖို့ မက်စ်က Facebook ကို ဆက်သွယ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားပါတယ်။ မက်စ်က SpaceX နဲ့ Tesla တို့ရဲ့ ရင်းနှီးမြှုပ်နှံသူများကို စုဝေးကာ စကားပြောဆိုခဲ့ပြီး သူ့အနေနဲ့ ဆိုက်နဲ့ပတ်သက်ပြီး သို့လော သို့လော ကိစ္စတွေ ရှိနေပေမဲ့ စာနာထောက်ထားပြီး အခွင့်အရေးပေး ဝယ်ယူမှာပါလို့ဆိုပါတယ်။

“ကျုပ်မှာတော့ ငွေတွေအများကြီးရှိနေပါတယ်။ ဒါကြောင့်မို့ မတ်ဇူကာဘတ်က အပေးအယူလုပ်ချင်တယ်ဆိုရင်တော့ ကျုပ်ဘယ်မှာရှိနေတယ်ဆိုတာ သူသိပါတယ်။ မျှတတဲ့ ကမ်းလှမ်းမှုဖြစ်စေရမှာပါ” လို့ မက်စ်က ဆိုပါတယ်။

အဲဒီနောက်မှာ မက်စ်က Facebook နဲ့ပတ်သက်ပြီး သူ့ရဲ့အသေးစိတ် အစီအစဉ်များကို ပါဝါပွိုင့် တင်ဆက်မှုတစ်ခုနဲ့ ပြသခဲ့ပါတယ်။

“ကျုပ်ရဲ့ စိတ်ကူးအကြံဥာဏ်တွေအကြောင်းကို ခင်မင်စိတ်ချရတဲ့ သူတွေကို ပြောပြတဲ့အခါ သူတို့အားလုံးက Facebook နဲ့ပတ်သက်ပြီး ကျုပ်ဘာတွေ လုပ်မလဲဆိုတာ သိချင်နေခဲ့ကြတယ်။ ကျုပ်သိသလောက် ပြောရရင်တော့ ရည်းစားဟောင်းတွေကို နောက်ယောင်ခံလိုက်တဲ့ ပလက်ဖောင်းတစ်ခုအနေနဲ့ လူတွေက Facebook ကို သုံးရတာကို ကြိုက်ကြတာပါ။ ကျုပ်မှာတော့ ဒီထက် ပိုကောင်းတဲ့ရလဒ်တွေ အများကြီးရှိနေတယ် ထင်ပါတယ်” လို့ မက်စ်က ရှင်းပြပါတယ်။

မက်စ်က Facebook အတွက် သူ့အစီအစဉ် အသေးစိတ်ကို Animation Video တစ်ခုနဲ့ အခန်းတစ်ခုအတွင်းမှာ ရင်းနှီးမြှုပ်နှံသူတွေကို ပြသခဲ့ပါတယ်။ ဗီဒီယိုထဲမှာ SpaceX Falcon ဒုံးပျံကြီးဟာ ကောင်းကင်ကို လွှတ်တင်နေတာကို ပြသပါတယ်။ တစ်နေရာအရောက်မှာတော့ ဒုံးပျံနှစ်ခုဟာ တိကျတဲ့ ဆင်းသက်မှုလမ်းကြောင်းတစ်ခုပေါ်ကို ဆင်းသွားပါတယ်။ ဒုံးပျံနှစ်ခုစလုံးဟာ ကောင်းမွန်စွာ ဆိုက်ရောက်သွားပြီး ဒုံးပျံတစ်ခုက “DELETE” လို့ တံဆိပ်ခတ်နှိပ်ထားတဲ့ အနီရောင်ခလုတ်တစ်ခုအပေါ်မှာ ငြင်သာစွာ ရပ်တန့်သွားပါတယ်။

“ဒုတိယမြောက် ဒုံးပျံက delete ဆိုတဲ့ ခလုတ်ကို ဖိနှိပ်ပြီး ရပ်တန့်သွားတာကို မြင်ရမှာပါ။ Facebook ရုံးချုပ်တွေရဲ့ နေရာတွေကို ဖျက်ဆီးပစ်မယ့် ချိတ်ဆက်တုံ့ပြန်မှုတစ်ခုကို အစပျိုးခလုတ်နှိပ်ရင်း ပရိုတွန်တော်ပီဒို အဖျက်လက်နက်တစ်ခု ပေးပို့မှာပါ” လို့ ဆိုပါတယ်။

အခန်းတွင်းမှာ လက်ခုပ်ဩဘာသံတွေ ပွင့်ထွက်သွားပါတယ်။ မက်ဇူကာဘတ်ကို သံပြိုင်ဆဲဆိုသံတွေဟာ အဆောက်အဦးတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားခဲ့ပါတယ်။ ဘယ်လောက်တောင်မှ ကျယ်လောင်သလဲဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ သမုဒ္ဒရာ လှိုင်းလုံးကြီးဆေတွရဲ့အသံကိုတောင် နစ်မြုပ်ဝင်သွားစေလောက်အောင် ကျယ်လောင်လွန်းခဲ့ပါတယ်။ မက်စ်က အောင်နိုင်သူတစ်ဦးလို လေထဲမှာ လက်ဝှေ့ရမ်းရင်း သူစကားပြောတဲ့ စင်မြင့်ကနေ ဆင်းလာပြီး အခန်းထဲမှာ ရှိတဲ့သူတွေအားလုံးဆီက ချီးမွမ်းထောပနာပြုမှုကို ခံယူခဲ့ပါတယ်။

ဒီအကြောင်းကတော့ အရှိန်အဟုန် ပြင်းသည်ထက် ပြင်းလာနေပါပြီ။

Ref : Knowledge : Elon Musk Offers To Buy And Then Delete Facebook
Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top