မမျှော်လင့်ဘဲ သန်းကြွယ်သူဌေး ဖြစ်သွားတဲ့သူတွေ

21115360-32708610-29-0-1521207885-1521207899-650-1-1521207899-650-2f00cc6eae-1522057572.jpg

“လှံထမ်းလာတာမြင်တယ် ကံထမ်းလာတာကိုမမြင်ရဘူး” ဆိုတဲ့အတိုင်း ကုသိုလ်ကံတရားဆိုတာ မယုံကြည်လောက်အောင် အံဩဖို့ကောင်းပါတယ်။ ဒီနေ့တော့ ရိုးရာလေးပရိသတ်များအတွက် ကံကြမ္မာအလှည့်အပြောင်းကြောင့် သာမန်လက်လုပ်လက်စားဘဝကနေ သန်းကြွယ်သူဌေးအဖြစ်သို့ ရောက်ရှိသွားတဲ့သူတွေနဲ့ ပတ်သက်တဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ နှစ်၃၀ကျော်လူမနေထိုင်တဲ့ အိမ်အိုကြီးအတွင်းသို့ ကလေးငယ်များဝင်ရောက် ကစားရာကနေ ရှေးခေတ်ငွေဒင်္ဂါးပြားတစ်ပြားကို တွေ့ရှိခဲ့ပါတယ်။ ကလေးငယ်ဟာ သူရဲ့မိဘများကိုပြောပြပြီးနောက် ထပ်မံလာရောက်ရှာဖွေခဲ့ရာ အိမ်နံရံအတွင်းမှ ငွေဒင်္ဂါးပြားတွေ ရာနဲ့ချီပြီး တွေ့ရှိခဲ့ရပါတယ်။

ဩစတြေးလျနိုင်ငံရှိ လယ်သမားတစ်ဦးဟာ မြေအောက်သတ္တုရှာဖွေရေးကိရိယာဖြင့် လမ်းလျှောက်နေစဉ်အတွင်း ရှာဖွေရေးစက်မှ တစ်စုံတစ်ရာကို သတိထားထောက်လှမ်းမိခဲ့လို့ တူးဖော်ကြည့်ရာ ရွှေအပိုင်းအစအနည်းငယ်ကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်တူးဖော်ရာ မှာတော့ ၅.၅ ကီလိုဂရမ်အလေးအချိန်ရှိပြီး ကာလတန်ဖိုး ဒေါ်လာ ၃၁၅၀၀ တန်ဖိုးရှိ ရွှေတုံးကြီးကိုပိုင်ဆိုင်ရရှိခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံကပဲ ကံထူးသူ အမျိုးသားတစ်ဦးကတော့ သူရဲ့နေအိမ်ခြံအတွင်းရှိ ပန်းအိုးများကြားထဲတွင် ကမ္ဘာ့အရှားပါးဆုံး ကြောင်မျက်ရွဲကျောက်ကို သာမန်ကျောက်များနဲ့အတူ မမျှော်လင့်ဘဲ တွေ့ရှိခဲ့ပါတယ်။ ဒေါ်လာ၃သန်းတန်ဖိုးရှိ ကြောင်မျက်ရွဲကျောက်ကို “Royal One”လို့ ခေါ်ဝေါ်စေခဲ့ပြီး အမှတ်တရပစ္စည်းတစ်ခုအဖြစ် သိမ်းဆည်းထားပါတယ်။

ဘော့ကေ့ဒ်(Bob Kitts)ဆိုသူ ပန်းရံဆရာတစ်ဦးဟာ သူငယ်ချင်းဖြစ်သူ အေမွန်(Amond)ရဲ့ ရေချိုးခန်းကြွေပြားများ အသစ်လဲလှယ်တပ်ဆင်ဖို့အတွက် ကြွေပြားဟောင်းများ ခွာချတဲ့အခါ ကြွေပြားအောက်မှာ မြုပ်နှံထားတဲ့ဆေးသေတ္တာ၂ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဖွင့်ကြည့်ရာ ဒေါ်လာ ၁၈၂၀၀၀ ပါဝင်တဲ့ စာအိတ်တွေကို တွေ့ရှိခဲ့ရပါတယ်။

၁၉၉၂ခုနှစ် ဗြိတိန်နိုင်ငံရှိ လယ်သမားတစ်ဦးဖြစ်သူ ပီတာ(Peter)ဟာ သူရဲ့ လုပ်ငန်းခွင်သုံး”တူ” ပျောက်ဆုံးသွားတဲ့အတွက် ရှာဖွေဖို့ အီရစ်(Eric)ကို အကူအညီတောင်းခံခဲ့ပါတယ်။ အီရစ်က သတ္တုတူးဖော်ရေးကိရိယာနဲ့ ရှာဖွေခဲ့ရာ ငွေဒင်္ဂါးပြားတစ်ပြားကိုတွေ့ရှိတာကြောင့် ဆက်လက်ရှာဖွေခဲ့တဲ့အခါမှာ ရွှေလည်ဆွဲတစ်ကုံး၊ လက်ဝတ်ရတနာများနဲ့ငွေဒင်္ဂါးရာကျော် ပါဝင်တဲ့ သစ်သားသေတ္တာတစ်လုံးကို တူးဖော်ရရှိခဲ့ပါတယ်။ ရှာဖွေတွေ့ရှိခဲ့တဲ့ ပစ္စည်းအားလုံးတန်ဖိုးက ဒေါ်လာ ၁၅သန်းကျော်ရှိပြီး အားလုံးကို ဗြိတိန်သမိုင်းဝင်ပြတိုက်အား လွှဲပြောင်းပေးခဲ့ပါတယ်။ ဗြိတိန်အစိုးရမှ အီရစ်အား ဒေါ်လာ၂.၅သန်းကို ဆုငွေအဖြစ်ပြန်လည်ချီးမြှင့်ခဲ့တဲ့အတွက် သူငယ်ချင်းပီတာနဲ့အတူ ခွဲဝေယူခဲ့ပါတယ်။ဒါပေမဲ့ ပီတာရဲ့ တူကတော့ ရှာမတွေ့ခဲ့ပါဘူး။

Paradise(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top