၂၀၂၄ ခုနှစ်ရဲ့ အကယ်ဒမီဆုပေးပွဲမှာလည်း အခမ်းအနားမှူးအဖြစ် ဂျင်မီ ကင်မီလ် ဆောင်ရွက်မယ်

16.11.23-yyl-1.jpg

ဝါရင့်တီဗီအစီအစဉ်တင်ဆက်သူ ဂျင်မီ ကင်မီလ်ဟာ ၂၀၂၄ ခုနှစ်မှာလည်း အော်စကာဆုပေးပွဲလို့လည်း ခေါ်ကြတဲ့ အကယ်ဒမီဆုပေးပွဲမှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ The Academy က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ ၉၆ ကြိမ်မြောက် အော်စကာဆုပေးပွဲဟာ ဂျင်မီအတွက် အခမ်းအနားမှူးအဖြစ် လုပ်ခွင့်ရတာ ၄ ကြိမ်မြောက်ဖြစ်ပါတယ်။

“အော်စကာဆုပေးပွဲကို ၄ ကြိမ်မြောက် အခမ်းအနားတင်ဆက်ခွင့်ရဖို့ အမြဲအိပ်မက်မက်ခဲ့တာပါ”လို့ ဂျင်မီက ဆိုပါတယ်။ ဂျင်မီဟာ ၂၀၂၃ ခုနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာလည်း အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ သူဟာ ၂၀၁၇ ခုနှစ်ရဲ့ ၈၉ ကြိမ်မြောက်အော်စကာဆုပေးပွဲနဲ့ ၂၀၁၈ ခုနှစ်ရဲ့ ၉၀ ကြိမ်မြောက်အော်စကာဆုပေးပွဲတွေမှာလည်း အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါသေးတယ်။

၉၆ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ (အော်စကာဆုပေးပွဲ) ကို Hollywood ရှိ Dolby Theatre မှာ ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့ကျ ကျင်းပသွားမှာဖြစ်ပါတယ်။

Ref: Jimmy Kimmel to return as host for 96th Academy Awards

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top