လေယာဉ်ဘီးတံထဲကနေ လေယာဉ်ခိုးစီးသူကလေးငယ်ရဲ့ အလောင်းတွေ့ရှိ

yyl-029-4.jpg

အိုင်ဗရီကို့စ်နိုင်ငံကနေ ပြင်သစ်နိုင်ငံကို ပျံသန်းလာတဲ့ လေယာဉ်ရဲ့ ဘီးတံထဲကနေ အသက် ၁၀ နှစ်ပြည့်သေးတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၈ ရက် နံနက်အစောပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့ ရှားဒူဂေါ် လေဆိပ်မှာ လေယာဉ်ခိုးစီးခဲ့ ကလေးငယ်ရဲ့ အလောင်းကို တွေ့ရှိခဲ့တာလို့ ပြင်သစ်လေကြောင်းလိုင်းက အတည်ပြုပါတယ်။

လေယာဉ်ဘီးအသိမ်းအခေါက်လုပ်တဲ့ အခန်းထဲကနေ အလောင်းကို တွေ့ခဲ့တာပါ။ ပြင်သစ်လေကြောင်းလိုင်းရဲ့ ဘိုးရင်း ၇၇၇ လေယာဉ်ဟာ အိုင်ဗရီကို့စ်နိုင်ငံ အဘီဒန်မြို့ကနေ ပြင်သစ်နိုင်ငံကို ပျံသန်းလာတာဖြစ်ပါတယ်။ အဘီဒန်လေဆိပ်မှာ လုံခြုံရေးလစ်ဟင်းမှု ကြီးမားနေတာကို ဒီဖြစ်ရပ်က ဖော်ပြနေတယ်လို့ အိုင်ဗရီကို့စ်နိုင်ငံ လုံခြုံရေးရင်းမြစ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top