ကားမတော်တဆမှုကြောင့် မျက်နှာခွဲစိတ်မှုလုပ်ပြီး ရုပ်ပြောင်းသွားတဲ့ ဂျင်မီလင်း (ငါးကလေး)

4.8.23-yyl-12.jpg

တစ်ခေတ်တခါက “တိမ်လွှာနဂါးသူရဲကောင်းများ”၊ “ငါးကလေး” သိုင်းဇာတ်ကားတွေနဲ့ သိခဲ့တဲ့ ထိုင်ဝမ်အဆိုတော်သရုပ်ဆောင် ဂျင်မီလင်းဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ကားမတော်တဆမှုဖြစ်ခဲ့ပြီးနောက် အခုဆို အလုပ်တွေပြန်လုပ်နေပါပြီ။

မသန်စွမ်းကလေးတွေအတွက် ရန်ပုံငွေပွဲအတွက် သံတမန်အဖြစ် ခန့်အပ်ခံထားရတဲ့ ဂျင်မီဟာ မကြာသေးခင်က ပရဟိတအတွက် ကြော်ငြာမှာ ပါဝင်ခဲ့ပါတယ်။ ကားမတော်တဆမှုပြီးနောက် မျက်နှာခွဲစိတ်လိုက်ရတာကြောင့် ရုပ်ပြောင်းသွားတယ်လို့ ပြောဆိုတာတွေရှိခဲ့ပါတယ်။ သူ ရုပ်ပြောင်းသွားတာကို သူ့ရဲ့ကြော်ငြာပုံအသစ်မှာ မြင်တွေ့ရနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၂၃ ရက်နေ့က ဂျင်မီလင်းရဲ့အဖြူရောင် Tesla ကားဟာ လမ်း ၂ ခုကြားရှိတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို ဝင်တိုက်မိပြီး မီးလောင်ကျွမ်းသွားခဲ့တာပါ။ သူ့ရဲ့ ၇ နှစ်အရွယ်အမြွှာသားတစ်ဦးလည်း ကားမတော်တဆမှုအတွင်း ပါဝင်ခဲ့ပါတယ်။ ဂျင်မီလင်းက ကားမတော်တဆမှုကြောင့် သူ့ရဲ့မျက်နှာနဲ့ခန္ဓာကိုယ်မှာ အက်ကွဲတာ၊ ကျိုးတာတွေဖြစ်ခဲ့လို့ ပြန်လည်သက်သာလာဖို့ အချိန်ယူခဲ့ရပါတယ်။ သားဖြစ်သူကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲရခဲ့တာပါ။

ဂျင်မီလင်းက ကားမတော်တဆမှုက ၁ လလောက် ဆေးရုံတက်ခဲ့ရပြီး ခွဲစိတ်ကုသမှု ၂ ခု ခံယူခဲ့ရပါတယ်။ ခွဲစိတ်မှုတစ်ခုက သူ့လက်မောင်းထဲ တိုက်တေးနီယမ်အချောင်းထည့်တာဖြစ်ပြီး နောက်တစ်ခုက မျက်နှာအက်ကွဲတာကို ပြန်လည်ပြုပြင်တာပါ။

ဆက်စပ်သတင်းဖတ်ရှုရန် – အမြွှာသားထဲက (၁) ဦးနဲ့အတူ ကားမတော်တဆမှုဖြစ်ခဲ့တဲ့ ထိုင်ဝမ်အဆိုတော်သရုပ်ဆောင် ဂျင်မီ လင်း
https://yoyarlay.com/jimmy-lins-tesla-burst-into-flames…/

Ref: Jimmy Lin Looks Different Now After Facial Reconstruction Surgery Post-Car Crash

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top