မိကျောင်း ခံတွင်းဝမှာ မိနစ် ၉၀ ကြာ ရောက်ခဲ့ပေမဲ့ အသက်ရှင်ခဲ့သူ

4.8.23-yyl-10.jpg

အင်ဒိုနီးရှားနိုင်ငံက ဆီအုန်းစိုက်ခင်းမှာ အလုပ်လုပ်တဲ့ ၃၈ နှစ်အရွယ် အမျိုးသမီးဟာ ရေသွားခပ်ရင်း မိကျောင်း ကိုက်ခံခဲ့ရပြီး မိကျောင်းခံတွင်းဝမှာ မိနစ် ၉၀ ကြာ ရောက်ခဲ့ပေမဲ့ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။

မိကျောင်း ကိုက်ခံရသူဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ကာလီမန်တန်ပြည်နယ်မှာ နေထိုင်သူ ဖယ်လ်မီရာ ဖြစ်ပါတယ်။ သူက မြက်ပင်စိမ်းတွေ ဖုံးနေတဲ့ ချောင်းမှာ ရေသွားခပ်တုန်း ရေအောက်မှာ ချောင်းနေတဲ့ မိကျောင်းက သူ့ခြေထောက်ကို ကိုက်ခဲ့တာပါ။

မိကျောင်းက သူ့ကို ရေအောက်ထဲ ဆွဲချဖို့ ကြိုးစားပေမဲ့ ရေ သိပ်မနက်တာကြောင့် ဖယ်လ်မီရာက ရေပေါ်မှာ ခေါင်းဖော်ထားနိုင်ခဲ့ပြီး ရုန်းကန်ခဲ့တာပါ။

ဖယ်လ်မီရာက အော်ဟစ်အကူအညီ တောင်းခံတာကြောင့် ဆီအုန်း စိုက်ခင်းမှ လုပ်ဖော်ကိုင်ဖက်တွေ ရောက်လာခဲ့ပြီး မိကျောင်း ဆွဲချသွားလို့ မရအောင် ဖယ်လ်မီရာ ဖမ်းဆွဲထားဖို့ တုတ်တစ်ချောင်း ကမ်းပေးခဲ့ပါတယ်။ သူတို့က မိကျောင်းကို တုတ်နဲ့ ခြောက်လှန့်လို့ မိကျောင်းက ဖယ်လ်မီရာကို လွှတ်ပြီး ထွက်ပြေးသွားခဲ့တာပါ။

ဖယ်လ်မီရာကိုတော့ ဆေးရုံတင်ပို့ခဲ့ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မိကျောင်းမျိုးစိတ် ၁၄ မျိုး ကျက်စားရာနေရာဖြစ်လို့ မိကျောင်းရန်ကို သတိထားကြဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက သတိပေးထားပါတယ်။

Ref: Woman Miraculously Survives After Spending 90 Minutes in the Grip of a Crocodile

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top