အိမ်ရောင်းပြီး အလုံပိတ်ကားမှာ နေထိုင်ရင်း ခရီးတွေ ထွက်နေတဲ့ မိသားစု

8-6-2022-yyl24.jpg

ကိုင်ရာ ရိတ် နဲ့ သူ့ခင်ပွန်း ရစ်ချက်တို့ဟာ သားသမီး (၃) ယောက်နဲ့အတူ အိမ်ရောင်းပြီး အလုံပိတ်ကားထဲ နေထိုင်ကြပါတယ်။ သူတို့တွေက အလုံပိတ်ကားနဲ့ပဲ ခရီးတွေလျှောက်သွားနေကြတာပါ။ နောက်နှစ်ကျရင် ဉရောပတခွင် ထပ်ပြီးခရီးထွက်ဖို့ စီစဉ်နေတဲ့အပြင် သူ့ရဲ့သား၊သမီးတွေကို ခရီးစဉ်တစ်လျှောက် ကားပေါ်မှာပဲ စာသင်ကြားပေးသွားမှာဖြစ်ပါတယ်။

အလုံပိတ်ကားမှာ သူတို့မိသားစု (၅) ဉီး နေထိုင်တာက တစ်ခါတလေ စိတ်ရှုပ်စရာကောင်းနိုင်ပေမဲ့ သူတို့ရဲ့ကလေးတွေ မိဘနဲ့ဝေးနေချိန် သူတို့ဘာသာ ရပ်တည်နေထိုင်နိုင်စေမယ်လို့ ကိုင်ရာက ယုံကြည်ထားပါတယ်။ အလုံပိတ်ကားထဲ နေထိုင်ရတဲ့ဘဝနဲ့ပတ်သက်ပြီး အကောင်းဆုံးအရာက အဲဒါက ပေးစွမ်းတဲ့ လွတ်လပ်မှုနဲ့ စွန့်စားမှုတို့ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကိုင်ရာတို့ဇနီးမောင်နှံက တစ်နေရာတည်းကို တွယ်တာမနေဘဲ သူတို့ရဲ့ကလေးတွေနဲ့အတူ နေရာအသစ်တွေ သွားရတဲ့ အတွေ့အကြုံကို ကြိုက်တယ်။ ကလေးတွေကလည်း မိသားစုလိုက် ခရီးသွားရတာကို နှစ်သက်ကြတယ်။ အလုံပိတ်ကားက အတော်လေးသေးငယ်ပြီး ဒီလိုသေးငယ်တဲ့ နေရာတစ်ခုမှာ သူတို့အားလုံး နေထိုင်တာက စိန်ခေါ်မှုတစ်ခုလို့ ထင်ကောင်းထင်နိုင်ပေမယ့် ဒါဟာ သူတို့အတွက် ပြီးပြည့်စုံတယ်လို့ ဆိုပါတယ်။

ကိုင်ရာနဲ့ ရစ်ချက်တို့က သူတို့ရဲ့အိမ်ကို ၂၀၁၉ခုနှစ်မှာ ရောင်းချခဲ့ပြီး သူတို့ရဲ့အကြီးဆုံးကလေး (၂) ယောက်နဲ့အတူ အလုံပိတ်ကားနဲ့ ဉရောပတခွင် ခရီးထွက်ခဲ့ကြပါတယ်။ အငယ်ဆုံးကလေးမွေးဖွားဖို့အတွက် ၂၀၂၀ခုနှစ်မှာ ဗြိတိန်ကို ပြန်လာခဲ့ပါတယ်။ သူတို့ရဲ့ကားနဲ့ ဗြိတိန်အနှံ့ လျှောက်သွားရင်း အချိန်ကုန်ဆုံးခဲ့ပါတယ်။

ကိုင်ရာက ကလေးတွေရဲ့ပညာရေးကို ကြီးကြပ်သင်ကြားပေးဖို့ ယုံကြည်မှုရှိကြောင်းနဲ့ သူတို့ရဲ့ပညာသင်ယူမှုကို ကူညီဖို့အတွက် ပတ်ဝန်းကျင်က လှုံ့ဆော်မှုတွေကို ရယူသွားမှာဖြစ်ကြောင်း ပြောပါတယ်။ သူတို့ရဲ့နောက်နှစ်ခရီးစဉ်က နယ်သာလန်ကနေ စတင်ပြီး စကန်ဒီနေးဗီးယားကို ဉီးတည်သွားမှာဖြစ်ပါတယ်။

Ref: TheMirror “Couple sell their home to live in van – ‘road schooling’ their 3 kids along the way”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top