မြန်မာသင်္ဘောသား ၈ ဦး ပါတဲ့ ကုန်တင်သင်္ဘော တိမ်းမှောက်

23-1-2023-yyl-210.jpg

မြန်မာသင်္ဘောသား ၈ ယောက်၊ တရုတ်သင်္ဘောသား ၁၄ ယောက် ပါတဲ့ ဟောင်ကောင်ကုန်တင်သင်္ဘောတစ်စင်း ဂျပန်ရေပြင်မှာ နစ်မြုပ်ခဲ့လို့ လူ ၈ ယောက် သေဆုံးခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူ ၈ ယောက်ထဲမှာ တရုတ်နိုင်ငံသား ၆ ယောက်( မြန်မာနိုင်ငံသား ၂ ယောက်) ပါဝင်တယ်လို့ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့က တရုတ်သံမှူး လူကွေ့ကျန်းက ပြောပါတယ်။ ဂျပန်အာဏာပိုင်တွေကတော့ သေဆုံးသူ အရေအတွက်ကို အတည်မပြုသေးပါဘူး၊ လူ ၉ ယောက် ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့ညနေပိုင်းက Jin Tian သင်္ဘော တိမ်းမှောက်ခဲ့တာဖြစ်ပြီး ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၊ ဂျပန်စစ်တပ်၊ တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ပုဂ္ဂလိပိုင်သင်္ဘောတွေက ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

ကယ်တင်နိုင်ခဲ့သူ ၅ ယောက်ကတော့ အသက်အန္တရာယ် မစိုးရတဲ့ အခြေအနေမှာ ရှိနေပြီလို့ ဆိုပါတယ်။ သင်္ဘောတိမ်းမှောက်တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Ref: Jin Tian: Eight dead after cargo ship sinks off coast of Japan

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top