အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ်မှာ ကျင်းပခဲ့တဲ့ နှင်းရုပ်တုပြိုင်ပွဲမှာ ဒေသခံ House of Thune အသင်း ဗိုလ်စွဲခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၄၀၀၀ ရရှိခဲ့ပါတယ်။

သူတို့အသင်းဟာ ဘဝပေးအခြေအနေနဲ့ စိန်ခေါ်မှုကို ပေါင်းစပ်ဖော်ပြတဲ့ ခရီးရှည် (Journey) ရုပ်တုကို ထုဆစ်ခဲ့တာပါ။ အိမ်သုံးကိရိယာတွေကိုပဲ သုံးပြီး ၁၀ တန်လောက်လေးတဲ့ ဆီးနှင်းတွေနဲ့ ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ဖင်လန်၊ တူရကီ၊ ဂျာမနီ၊ အီကွေဒေါ၊ ကနေဒါနဲ့ အာဂျင်တီးနားနိုင်ငံက အသင်းတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။

NZ (ရိုးရာလေး)