ရထားမမီလိုက်တဲ့အတွက် ရထားဘူတာဝန်ထမ်းကို ဓားနဲ့ထိုးခဲ့တဲ့ အမျိုးသမီး

chinatrainstationstabbing_weibo.jpg

ရထားမမီလိုက်တာ၊ ဘတ်စ်ကားမမီလိုက်တာတွေက စာဖတ်ပရိသတ်တွေအတွက် စိတ်ပျက်စရာကိစ္စမျိုးလား။ တရုတ်နိုင်ငံက အမျိုးသမီးအတွက်ကတော့ ရထားမမီလိုက်တာက သူ့အတွက် စိတ်ပျက်စရာဖြစ်ပုံပါပဲ။ သူကတော့ ရထားမမီလိုက်တဲ့အပြင် ရဲစခန်းကိုပါ ရောက်သွားခဲ့ရပါတယ်။

ဇွန်လ (၁၈) ရက်နေ့မှာ (၂၃) နှစ်အရွယ် အမျိုးသမီးက ရထားမမီလိုက်တဲ့အတွက် ရထားဘူတာက အမျိုးသမီးဝန်ထမ်းကို ဓားနဲ့ထိုးခဲ့တယ်လို့ Shenzhen North Railway Station က သူတို့ရဲ့ Weibo အကောင့်မှာ အတည်ပြုရေးသားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်က ဇွန်လ (၁၈) ရက်နေ့ နေ့ခင်း (၂) နာရီ (၄၇) မိနစ်က ဖြစ်ပွားခဲ့တာပါ။ ခရီးသည်အမျိုးသမီးက သူ ရထားစီးခွင့်မရလိုက်တဲ့အတွက် အသက် (၂၇) နှစ်အရွယ် ရထားဘူတာဝန်ထမ်းရဲ့ကျောဘက်ကို ဓားနဲ့ ထိုးခဲ့တာဖြစ်ပါတယ်။

ဓားထိုးခံရတဲ့အမျိုးသမီးက ရထားဘူတာကြမ်းပြင်ပေါ်မှာ ဒူးထောက်လျက်နဲ့ သူ့ရဲ့နောက်ကျောကနေ သွေးတွေထက်နေတာကို ဗီဒီယိုထဲမှာ မြင်တွေ့ရနိုင်ပါတယ်။ အခြားအမျိုးသမီးဝန်ထမ်းက ဒဏ်ရာကို သွေးမထွက်အောင် ဖိပေးနေပြီး အကူအညီတောင်းခံနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

လုံခြုံရေးဝန်ထမ်းတွေက အဲဒီနေရာကို ချက်ခြင်းရောက်ရှိလာခဲ့ပြီး ဓားထိုးတဲ့သူကို ဖမ်းဆီးခဲ့ပါတယ်။ ဓားထိုးခံရတဲ့ဝန်ထမ်းကို ကုသမှုခံယူဖို့အတွက် ဆေးရုံတင်ပေးခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ပဲ သူ့ရဲ့ဒဏ်ရာက သေလောက်အောင်ထိ မပြင်းထန်ဘူးလို့ Shenzhen North Railway Station က ပြောပါတယ်။

လက်ရှိမှာတော့ ရဲတွေက ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်သေတွေကို စုဆောင်းနေပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဗီဒီယိုကြည့်ရှုရန် – http://tiny.cc/njoj8y

Ref: AsiaOne “Chinese woman stabs station staff after missing train”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top