အိန္ဒိယနိုင်ငံမှာ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးဗီဇသစ် ကူးစက်ခံရသူ ၆ ယောက် တွေ့ရှိ

29-12-2020-yyl03.jpg

ဗြိတိန်နိုင်ငံမှာ တွေ့ရတဲ့ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးဗီဇသစ် ကူးစက်ခံရသူ ၆ ယောက် တွေ့ရှိခဲ့တယ်လို့ အိန္ဒိယနိုင်ငံက အတည်ပြုခဲ့ပါတယ်။ သူတို့ ၆ ယောက်က ဗြိတိန်နိုင်ငံကနေ ပြန်လာသူတွေပါ။

ကိုဗစ်-၁၉ မျိုးဗီဇသစ် ကူးစက်ခံထားရသူ ၆ ယောက်နဲ့ ထိတွေ့မှုရှိသူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေကို ခြေရာခံ ရှာဖွေနေတယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ဗြိတိန်နိုင်ငံကို ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်အားလုံးကို ဆိုင်းငံ့ခဲ့တာပါ။

ကိုဗစ်-၁၉ မျိုးဗီဇသစ်က ကူးစက်နှုန်း ၇၀ ရာခိုင်နှုန်း မြန်ပေမဲ့ အန္တရာယ်ပိုများခြင်းမရှိဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ဒါပေမဲ့ မျိုးဗီဇသစ်ကြောင့် ကသောင်းကနင်းဖြစ်စေနိုင်ပြီး အိန္ဒိယနိုင်ငံရဲ့ ကျန်းမာရေးစနစ်ကို ထိန်းမနိုင်၊ သိမ်းမရ ဖြစ်စေနိုင်တယ်လို့ ကိုဗစ်-၁၉ ရောဂါသည် ရာပေါင်းများစွာကို ကုသပေးနေတဲ့ ပညာရှင် ဒေါက်တာ အေဖာသာဟူဒင်က ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်နိုင်ငံပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အများဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၁၀ သန်းကျော် ရှိပါတယ်။ မျိုးဗီဇသစ် ကူးစက်ခံရသူတွေ တွေ့ရှိခဲ့ပြီးနောက်မှာတော့ ဗြိတိန်နိုင်ငံကနေ ရောက်ရှိလာတဲ့ ခရီးသည်အားလုံးကို အိန္ဒိယလေဆိပ်တိုင်းမှာ RT-PCR စစ်ဆေးသွားမှာဖြစ်ပြီး ရောဂါပိုးတွေ့ရှိရင် မျိုးဗီဇသစ် ဟုတ်၊ မဟုတ် စစ်ဆေးဖို့ ပိုးနမူနာတွေကို အစိုးရရဲ့ ဓာတ်ခွဲခန်းတွေထံ ပို့ဆောင်စစ်ဆေးမှာပါ။

Ref: BBC ” Coronavirus: India confirms six cases of new Covid variant”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top