အမွေးအမှင်တွေကျွတ်တာကို သက်သာသွားစေမယ့် သဘာဝနည်းလမ်း

h.jpg

ကျွန်တော်တို့တွေ ကိုယ်ပေါ်က အမွေးအမှင်တွေကျွတ်တာမျိုးကို ကြုံဖူးကြမှာပါ။ အထူးသဖြင့် ခေါင်းကဆံပင်တွေကျွတ်တာမျိုးပေါ့။ ဒါလိုဖြစ်တာဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းအပြောင်းအလဲ နဲ့ ရောဂါတစ်ခုခုနဲ့ ဆက်စပ်နေတာကြောင့်ပါ။ ဒါက လူကြီး၊ လူငယ် အမျိုးသား၊ အမျိုးသမီး မရွေးမှာ ဖြစ်နိုင်ချေရှိနေတဲ့ ဖြစ်ရပ်တစ်ခုပါ။

အဲဒီအဖြစ်မျိုးအတွက် ဘာအဆိပ်အတောက်မှမပါ၊ ဘာဘေးထွက်ဆိုးကျိုးမှမဖြစ်စေဘဲ သဘာဝကရတဲ့ ပစ္စည်းလေးတွေနဲ့ ဖော်စပ်လို့ရတဲ့ နည်းလမ်းတစ်ခုကို ညွှန်းပေးချင်ပါတယ်။ သုံးရမယ့်ပစ္စည်းတွေကလည်း အလွယ်တကူဝယ်လို့ရနိုင်တာတွေချည်းပါပဲ။ ဘာတွေများပါလိမ့်။

ကြက်ဥ (၁) လုံး (အနှစ်ပဲလိုပါတယ်)
ငှက်ပျောသီး (၁) ပိုင်း(တစ်လုံးရဲ့ တစ်ဝက်)
ဘီယာ (၁၀၀) မီလီလီတာ
ပျားရည် လ္ဘက်ရည်ဇွန်း (၂) ဇွန်း
လိုအပ်တာကတော့ ဒီလောက်ပါပဲ။

ရောစပ်ရမယ့်နည်းကလည်းရိုးရှင်းပါတယ်။ သစ်သီးဖျော်တဲ့စက်ထဲကို အားလုံးရောထည့်ပြီး သမသွားအောင် ဖျော်လိုက်ရုံပါပဲ။ ရလာတဲ့ ဖျော်ရည်ကို အမွေးကျွတ်တတ်တဲ့နေရာကို လိမ်းပြီး နာရီနည်းနည်းလောက်ထားလိုက်ပါ။ လိမ်းထားတဲ့နေရာကို ထိကြည့်လိုက်ရင် နည်းနည်းလေးပူနေတာကို ခံစားရပါလိမ့်မယ်။ အဲဒီအတွက်ကိုမပူပါနဲ့ အရေပြားက ဆေးကို တုံ့ပြန်မှုရှိတယ်ဆိုတာကို ပြတာဖြစ်လို့ပါပဲ။ အဲဒီနည်းအတိုင်း တစ်ပတ်ကို တစ်ကြိမ်လောက်အနည်းဆုံးလုပ်ပေးမယ်ဆိုရင် အံ့ဩလောက်တဲ့ရလဒ်တစ်ခုကို ရလာမယ်ဆိုတာကို အထူးတလည် ပြောမပြတော့ဘူးနော်…..စမ်းသပ်ကြည့်လိုက်ပါလို့….။

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top