ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က ဩဂုတ် ၁၅ နဲ့ ဩဂုတ် ၁၆ ရက်နေ့တွေက ရန်ကုန်မြို့ရှိ Junction Square Outdoor Area မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ရန်ကုန် Swish အားကစားပြိုင်ပွဲမှာ Title Sponsor အနေနဲ့ ပါဝင်ကူညီပေးခဲ့ပါတယ်။ အဆိုပါ ပွဲတော်မှာ OPPO Myanmar AED အနေနဲ့ လူငယ်တွေ သဘောကျ နှစ်သက်နိုင်မဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းအစီအစဉ်တွေကို ထည့်သွင်းကာ လူငယ်တွေ စိတ်ဝင်စားမဲ့ အစီအစဉ်တွေနဲ့အတူ ပျော်ရွှင်စွာကျင်းပပြုလုပ်ပေးခဲ့ပါတယ်။



ဂိမ်းအစီအစဉ်တွေအနေနဲ့ လူငယ်တွေ ရင်ခုန်စိတ်လှုပ်ရှားစေမဲ့အစီအစဉ်တွေကို ဖန်တီးထားပြီး ပထမအစီအစဉ်အနေနဲ့ အမှတ်တရတိုင်းကို အကောင်းဆုံး ပုံဖော်မှတ်တမ်းတင်နိုင်မဲ့အပြင် အစွမ်းထက်ဆုံး 100-degree မြင်ကွင်းကျယ်နှင့် ဈေးတန်းတူ စမတ်ဖုန်းတွေအကြား မြင်ကွင်းအကျယ်ဆုံး တစ်ခုတည်းသော 0.6x Ultra Wide Selfie Camera နဲ့အတူ ဓာတ်ပုံရိုက်ကူးနိုင်အောင် စီစဉ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒုတိယအစီအစဉ်အနေနဲ့ OPPO Myanmar AED ဘက်က စီစဉ်ထားတဲ့ အသေးစားရေကန်ထဲ OPPO A6s Pro ဖုန်းကို ပစ်ထည့်ကာ ထိပ်တန်းအဆင့်ရှိ IP69K Dust & Water Resistance ဖြင့် ရေ၊ ဖုန်ကာကွယ်မှုကို စမ်းသပ်ခံစားနိုင်အောင် စီစဉ်ထားတာဖြစ်ပါတယ်။ တတိယအစီအစဉ်အနေနဲ့ OPPO A6s Pro ရဲ့ ထိပ်တန်းအကြမ်းခံနိုင်မှုစွမ်းရည် Military-grade Shock Resistance ကို စမ်းသပ်နိုင်စေရန် ဘတ်စ်ကတ်ဘော ဂိုးတိုင်တွေမှာ OPPO A6s Pro ဖုန်းကို ကပ်ထားမှာဖြစ်ပြီး ပါဝင်သူတွေအနေနဲ့ အဆိုပါ ဂိုးတိုင်ထဲကို ဂိုး (၃) ဂိုးဝင်အောင် ပစ်သွင်းယူရမှာဖြစ်ပါတယ်။ အခုလို ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေနဲ့အတူ ရန်ကုန် Swish အားကစားပြိုင်ပွဲမှာ OPPO Myanmar AED က ပါဝင်ထားသလို လာရောက်ကြည့်ရှုသူ ပရိသတ်တွေပျော်ရွှင်စေနိုင်ဖို့အတွက် တခြားသော ဓာတ်ပုံရိုက်စရာ နေရာအလှတွေနဲ့ အတူ ထပ်မံ အားစိုက်ဖန်တီးထားတာကြောင့် လူငယ်တွေ၊ လာရောက်ကြည့်ရှုသူတွေအကြား အတော်လေး ရေပန်းစားခဲ့တာဖြစ်ပါတယ်။



OPPO Myanmar AED အနေနဲ့ လူငယ်တွေရဲ့ အိပ်မက်တွေ၊ စိတ်အားထက်သန်မှုတွေကို အမြဲတမ်း အားပေးကူညီလျက်ရှိပြီး ခေတ်မီဆန်းသစ်တဲ့ နည်းပညာတွေနဲ့အတူ လူငယ်တိုင်းရဲ့ စိန်ခေါ်မှုမှန်သမျှမှာ ခိုင်မာတဲ့ အဖော်မွန်အဖြစ် ရပ်တည်သွားမှာဖြစ်ပါတယ်။ ရှေ့လျှောက်မှာလဲ ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝနဲ့ ပျော်ရွှင်ဖွယ်ရာ အတွေ့အကြုံကောင်းတွေကို ဖန်တီးပေးနိုင်ဖို့အတွက် အကောင်းဆုံးသော နည်းပညာ ထုတ်ကုန်တွေ၊ အဓိပ္ပာယ်ရှိတဲ့ အစီအစဉ်တွေနဲ့အတူ လူငယ်တွေနဲ့ထပ်တူ အမြဲရှိနေမှာဖြစ်ပါတယ်။


မြင်ကွင်းကျယ်ကျယ်ဖမ်းယူနိုင်တဲ့ 0.6x Ultra Wide Selfie Camera နဲ့အတူ ဘက်ထရီ အားခံပြီး စွမ်းဆောင်ရည် ပါ အထူးမြင့်မားတဲ့ နောက်ဆုံးပေါ် OPPO A6s Pro နဲ့ပတ်သက်ပြီး အထူးသိရှိလိုပါက OPPO Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် လေ့လာ ကြည်ရှုနိုင်မှာဖြစ်ပါတယ်။
#OPPO #OPPOA6sPro #အချိန်ကြာကြာကြမ်းကြမ်းသုံးPowerfulAIဖုန်း
NZ (ရိုးရာလေး)

