ရန်ကုန်မှာ အောက်ဆီဂျင်တွေ အလျှံပယ်ရှိနေပြီလို့ ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးလှစိုးပြော

235144487_196758935812556_6650302690975747556_n.jpg

ရန်ကုန်၊ သြဂုတ် (၁၂)

ရန်ကုန်မြို့မှာ Oxygen Managment Committe နဲ့ Technical Team တွေကို ဖွဲ့စည်းပြီး စနစ်တကျ ထိန်းချုပ်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အခုအချိန်မှာ အောက်ဆီဂျင်တွေ ရန်ကုန်မြို့မှာ အလျှံပယ်ရှိနေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးလှစိုးက ပြောပါတယ်။

“အများပြည်သူဒုက္ခဖြစ်နေချိန်မှာ အောက်ဆီဂျင်ဈေးကစားပြီး ဒုက္ခပေးသူတွေလည်းပပျောက်သွားခဲ့ပါပြီ။ ကိုဗစ်တတိယလှိုင်းမှာ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ဆန္ဒနဲ့ မိဘပြည်သူတွေရဲ့ဆန္ဒတထပ်တည်းကျလို့သာ အားလုံးလက်တွဲဆောင်ရွက်နိုင်ခဲ့တဲ့အပြင် ရလာဒ်ကောင်းတွေခံစားရတာ လက်တွေ့ပြခဲ့ပြီးပါပြီ။” လို့ သူရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ရန်ကုန်မြို့မှာ Covid-19 လူနာတွေများပြားသာလို့ အောက်ဆီဂျင် တစ်ရက်ကို (၂၁) တန် လိုအပ်လာတယ်လို့ ဥက္ကဌ ဦးလှစိုးက ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရအနေနဲ့ အရည်တန် (၂၀) ထည့်နိုင်တဲ့ ISO Tank အသစ် (၃) လုံးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေ ဝယ်ယူထားပြီးဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ (၉) ရက်နေ့က မြဝတီနယ်စပ်ကနေ အောက်ဆီဂျင်အပြည့်ပါရှိတဲ့ ISO Tank အသစ်တစ်လုံး ရန်ကုန်မြို့ကို သယ်ဆောင်လာခဲ့တယ်လို့ သူက ပြောပါတယ်။

Photo- ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top