မကြာသေးခင်က ဆယ်ကျော်သက်တစ်ဦးဟာ eBay မှာ အလေးချိန် ပေါင် ၂၀၀ ရှိတဲ့ Lego Star Wars အရုပ်တွေကို လေလံတင်ခဲ့ပြီး ၆၅ ခု လေလံတင်ပြီးတဲ့နောက် လေလံဈေးက ဒေါ်လာ ၃၀၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။ ဒါက အသက် ၁၈ နှစ်အရွယ် ဂျေမီ ဘဲလ်အတွက် ဆယ်ကျော်သက်အရွယ်တစ်လျှောက် ငွေရစေခဲ့တဲ့ eBay စာရင်းများစွာထဲက တစ်ခုသာဖြစ်ပါတဘ်။

အရင်နှစ်တုန်းက ဂျေမီဟာ ဒေါ်လာ ၄၀၀၀၀၀ ကျော်ရရှိခဲ့တာပါ။ ပြန်လည်ရောင်းချဖို့ Lego တွေကို ရှာဖွေဝယ်ယူပြီးနောက် အမြတ်ငွေ ဒေါ်လာ ၆၈၀၀၀ နီးပါးရရှိခဲ့တာပါ။ သူက eBay မှာ သူ့ရဲ့ JTB Collectables business ကနေတဆင့် ပြန်ရောင်းချတာဖြစ်ပြီး အွန်လိုင်းမှာ Lego တွေကို တယ်ယူကာ စုဆောင်းသူတွေဆီ ပြန်လည်ရောင်းချတာပါ။
သူက အသက် ၁၃ နှစ်မှာ Lego တွေကို ရောင်းချတာကနေ ငွေရှာနိုင်တယ်ဆိုတာ သဘောပေါက်ခဲ့တာပါ။ ၂ နှစ်အတွင်း Lego ရောင်းပြီး ငွေရှာမှုက တိုးတက်လာခဲ့ပါတယ်။ အသက် ၁၅ နှစ်မှာ စာရင်းကိုင်တစ်ယောက်လိုအပ်ခဲ့ပေမဲ့ အသက် ၁၆ နှစ်မှာ သူ့ရဲ့အလုပ်အတွက် စာရင်းကိုင်တစ်ယောက်ရှာနိုင်ခဲ့ပါတယ်။ Lego Star Wars အရုပ်လေးတွေအတွက် ဒေါ်လာ ၃၀၀၀၀ ရောင်းချမှုက ebay မှာ စာရင်းတင်ခဲ့တဲ့ အကြီးဆုံးအရုပ်လေးတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သူ့မိဘတွေရဲ့အိပ်ခန်းကြမ်းပြင်မှာ Lego ရုပ်တွေအုပ်ထားတာကိုလည်း တွေ့ရပါတယ်။

Lego ရုပ်လေးတွေပြန်ရောင်းတဲ့အလုပ်က သူ့အတွက် တိုးတက်နေပါတယ်။ အခုဆို လတိုင်း Lego ရုပ်လေးတွေ ပေါင် ၂၂၀ လောက် ရောင်းချနေရပါတယ်။
Ref: Teenager Made More Than $400,000 in a Year Selling Old Legos in eBay Auctions: ‘I Had to Get an Accountant at 16’
WL (ရိုးရာလေး)

